မှတ်စုတို-၇
ဒီမိုကရေစီနိုင်ငံများတွင် အခြားသောမီဒီယာများထက်
ရုပ်သံထုတ်လွှင့်ခြင်းအပေါ်တွင် တင်းကျပ်သော စည်းကမ်း များချမှတ်ထားသည်။ အကြောင်းအရင်းမှာ
အခြားသော ပုံနှိပ်မီဒီယာများနှင့် တူညီခြင်းမရှိဘဲ ရုပ်သံထုတ်လွှင့်သူများအား ထုတ်လွှင့်မှုလိုင်းများဆိုင်ရာ
ကဏ္ဍများ၌ စည်းမျဉ်းများ သတ်မှတ် ပေးခြင်း မရှိပါက ပရမ်းပတာဖြစ် ခြင်းများကြီးစိုးလာပြီး
အခြားအသံလိုင်းများမှ ကြားဝင်မှု များဖြစ်ပြီး စနစ်တစ်ခုလုံးအား ရပ်ဆိုင်းနိုင်သည်။
ရုပ်သံ ထုတ်လွှင့်မှုလှိုင်းစဉ်၏ သဘာဝအနည်းအကျဉ်းနှင့် ရုပ်သံ ထုတ်လွှင့်သူအရေ အတွက်အား
ကန့်သတ်ထားနိုင်ခြင်း တို့သည် ပါဝင်သော အကြောင်းအရာများ အမျိုးအစား စုံလင်မှုအတွက် ထောက်ပံ့ပေးရန်
စည်းမျဉ်းများကို အံဝင် ခွင်ကျဖြစ်စေသည်။ ဤကဏ္ဍတွင် ခေတ်သစ်နည်းပညာ များမှာ စတင်ပြောင်းလဲနေပြီဖြစ်သည်။
ဝိုင်ယာဆက်သွယ် မှု ဂြိုဟ်တုဆက်သွယ်မှုနှင့် ဒစ်ဂျစ်တယ်စနစ်ပျံ့နှံ့မှုတို့မှာ လှိုင်းနှုန်းစဉ်စနစ်အပေါ်
အကန့်အသတ်ဖြင့် လုံးဝမပယ် ဖျက်ပါဘဲနှင့် ဖိအားများ ကို လျှော့ချလာ နေပြီဖြစ်သည်။
သို့သော် အနာဂတ်ကာလတစ်ခု၌ အင်တာနက်သည်
မလုံလောက်မှုအား မဖြစ်မနေရင်ဆိုင်ကျော်လွှားရမည်။ တစ်ချိန်တည်း၌ ရုပ်သံထုတ်လွှင့်သူများအတွက်
စည်းမျဉ်း များ သတ်မှတ်ရခြင်း၏ အကြောင်းပြချက်မှာ ရုပ်သံ ထုတ်လွှင့်မှု၏ ကြားဖြတ်ဝင်ရောက်နိုင်ခြင်းနှင့်
လွှမ်းမိုး နိုင်ခြင်း သဘာဝကြောင့်သာမက ကလေးများအပါအဝင် လူအများ လွယ်ကူစွာဖမ်းယူကြည့်ရှုနိုင်စေသောကြောင့်
ဖြစ်သည်။
လှိုင်းနှုန်းများအား ခွဲဝေရာတွင်အခြေခံကျကျ
ရေးဆွဲ ထားသော စီမံချက်အတိုင်း လုပ်ဆောင်မှုနှင့် ပထမဆုံး (သို့မဟုတ်) လေလံကြေးအမြင့်ဆုံး
ပေးသောသူအား ထုတ် လွှင့်ရန် လှိုင်းများပေးနေခြင်းထက် အများ ပြည်သူစိတ်ဝင် စားမှုရှိသည့်
အမျိုးမျိုးသောအစီအစဉ်များစွာ တင်ဆက်ရန် လုပ်ဆောင်မည့် ရုပ်သံ လွှင့်သူများအား ထုတ်လွှင့်ရန်လှိုင်း
များပေးသည့် လှိုင်းနှုန်းစီမံမှုသည် သေချာမှုရှိစေသော အရေးကြီးသည့် နည်းလမ်းတစ်ခုဖြစ်သည်။
လှိုင်းနှုန်းစီမံမှု၌ အခြားသော လှိုင်းနှုန်းအသုံးပြုသူများ
ဖြစ်သည့် ရုပ်သံထုတ်လွှင့်သူများ၊ တယ်လီဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုပေးသူများနှင့် ဘေးကင်းမှုနှင့်လုံခြုံရေးဆိုင်ရာ
ဆောင်ရွက်သူများတို့အကြား ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သည်။ နည်းပညာဆိုင်ရာ လားရာတူညီမှုများက
ပိုမို များပြားလာသော နိုင်ငံများသည် ဤပုံစံသို့ဦးတည်လျက်ရှိ ကြောင်း ပြဆိုလျက်ရှိရာတွင်
နိုင်ငံအများအပြား၌ ရုပ်သံ လွှင့်ခြင်းနှင့် တယ်လီဖုန်းဆက်သွယ်ရေးဆိုင်ရာ ပေါင်းစပ်
ဖွဲ့စည်းထားသော တရားဝင်ထိန်းသိမ်းသူ အဖွဲ့အစည်းများသည် လှိုင်းနှုန်းများ ကျယ်ကျယ်ပြန့်ပြန့်
အသုံးပြုမှုအပေါ် ၌ တာဝန်ရှိသည်။
ရုပ်သံထုတ်လွှင့်မှု စည်းမျဉ်းများ၏ အဓိကအရေးကြီးသော
နယ်ပယ်နှစ်ခုမှာ လုပ်ငန်းခွင့်ပြုမိန့်နှင့် ပတ်သက် သော လုပ်ငန်းစဉ်များနှင့် ပါဝင်သောအကြောင်းအရာများနှင့်
ပတ်သက်သော စည်းမျဉ်းများဖြစ်သည်။
လုပ်ငန်းခွင့်ပြုမိန့်ရယူခြင်း
ဒီမိုကရေစီနိုင်ငံများတွင် ရုပ်သံထုတ်လွှင့်သူများအား လုပ်ငန်းခွင့်ပြုမိန့်လိုင်စင်ထုတ်ပေးသည့် လုပ်ငန်းစဉ်ကို အထူး ဖွဲ့စည်းထားသော အမှီအခိုကင်းသည့် စည်းကမ်းထိန်းသိမ်း ရေးအဖွဲ့မှ စီမံကွပ်ကဲသည်။ မှတ်စုတို(၄)ဆွေးနွေးထားသကဲ့ သို့ နိုင်ငံတကာအဆင့် သတ်မှတ်ချက်အရ ဤအဖွဲ့အစည်းသည် အစိုးရအား လည်းကောင်း၊ စီးပွားရေးဆောင်ရွက်သူများ အားလည်းကောင်း မှီခိုအားထားသူမဖြစ်ရ။ လုံးဝအမှီအခို ကင်းသောအဖွဲ့ဖြစ်ရမည်။ လုပ်ငန်းခွင့်ပြုမိန့်သည် အခြားမည်သည့် အစိုးအရအဖွဲ့နှင့် ပုဂ္ဂလိကတစ်စုံ တစ်ယောက်၏ အကျိုးစီးပွားထက် အများပြည်သူအကျိုးစီးပွားကို ပိုမိုမြှင့်တင် နိုင်ရမည်။ လေလှိုင်း အတွင်း အမျိုးမျိုးအဖုံဖုံသော အယူအဆ များကို မြှင့်တင်ခြင်းတည်းဟူသော လုပ်ငန်းခွင့်ပြုမိန့် လုပ်ထုံး လုပ်နည်းများ၏ အဓိကပန်းတိုင်များအနက်မှ တစ်ခုသို့ အရောက်လှမ်းနိုင်ရန်အတွက် အမှီအခိုကင်းခြင်းသည် အထူးသဖြင့် အရေးကြီးလှသည်။ လုပ်ငန်းခွင့်ပြုမိန့်အား ၄င်းတို့၏ကောင်းမွန်သော လုပ်ဆောင်ချက်ပေါ်မူတည်၍ ထုတ်ပေးမည်ဖြစ်သောကြောင့် လုပ်ငန်းရှင်များအပေါ် ယုံကြည်မှုရရှိစေရန်ဖြင့် လွတ်လပ်မှုရှိသော စည်းမျဉ်းများသည် စီးပွားရေးလုပ်ငန်းများမှ ရုပ်သံထုတ်လွှင့်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် လည်း တွန်းအားပေးသည်။
ဒီမိုကရေစီနိုင်ငံများတွင် ရုပ်သံထုတ်လွှင့်သူများအား လုပ်ငန်းခွင့်ပြုမိန့်လိုင်စင်ထုတ်ပေးသည့် လုပ်ငန်းစဉ်ကို အထူး ဖွဲ့စည်းထားသော အမှီအခိုကင်းသည့် စည်းကမ်းထိန်းသိမ်း ရေးအဖွဲ့မှ စီမံကွပ်ကဲသည်။ မှတ်စုတို(၄)ဆွေးနွေးထားသကဲ့ သို့ နိုင်ငံတကာအဆင့် သတ်မှတ်ချက်အရ ဤအဖွဲ့အစည်းသည် အစိုးရအား လည်းကောင်း၊ စီးပွားရေးဆောင်ရွက်သူများ အားလည်းကောင်း မှီခိုအားထားသူမဖြစ်ရ။ လုံးဝအမှီအခို ကင်းသောအဖွဲ့ဖြစ်ရမည်။ လုပ်ငန်းခွင့်ပြုမိန့်သည် အခြားမည်သည့် အစိုးအရအဖွဲ့နှင့် ပုဂ္ဂလိကတစ်စုံ တစ်ယောက်၏ အကျိုးစီးပွားထက် အများပြည်သူအကျိုးစီးပွားကို ပိုမိုမြှင့်တင် နိုင်ရမည်။ လေလှိုင်း အတွင်း အမျိုးမျိုးအဖုံဖုံသော အယူအဆ များကို မြှင့်တင်ခြင်းတည်းဟူသော လုပ်ငန်းခွင့်ပြုမိန့် လုပ်ထုံး လုပ်နည်းများ၏ အဓိကပန်းတိုင်များအနက်မှ တစ်ခုသို့ အရောက်လှမ်းနိုင်ရန်အတွက် အမှီအခိုကင်းခြင်းသည် အထူးသဖြင့် အရေးကြီးလှသည်။ လုပ်ငန်းခွင့်ပြုမိန့်အား ၄င်းတို့၏ကောင်းမွန်သော လုပ်ဆောင်ချက်ပေါ်မူတည်၍ ထုတ်ပေးမည်ဖြစ်သောကြောင့် လုပ်ငန်းရှင်များအပေါ် ယုံကြည်မှုရရှိစေရန်ဖြင့် လွတ်လပ်မှုရှိသော စည်းမျဉ်းများသည် စီးပွားရေးလုပ်ငန်းများမှ ရုပ်သံထုတ်လွှင့်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် လည်း တွန်းအားပေးသည်။
လုပ်ငန်းခွင့်ပြုမိန့်ရယူခြင်း လုပ်ငန်းစဉ်သည်
ဒီမိုကရက် တစ်နှုန်းစံနှင့်ညီသော အမူအကျင့်ဖြစ်ရမည်ဖြစ်ပြီး အထူး သဖြင့်တရားမျှတမှုနှင့်
ပွင့်လင်းမြင်သာမှုရှိရမည်။ ဤရည်မှန်း ချက်ကို အောင်မြင်စွာရယူနိုင်ရန် အရေးကြီးပုံကို
ကမ္ဘာ့ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီ (UNHRC) ၏အထွေထွေသုံးသပ်ချက်အမှတ် ၃၄ တွင် အောက်ပါအတိုင်း
ထုတ်နုတ်ဖော်ပြထားသည်။
နိုင်ငံများသည် ရပ်ရွာအဖွဲ့အစည်းနှင့်
စီးပွားရေး လုပ်ငန်းများအပါအဝင်ဖြစ်သော ထုတ်လွှင့်သူမီဒီယာများ အပေါ် ဝန်ပိစေသော လုပ်ငန်းခွင့်ပြုမိန့်သတ်မှတ်ချက်
များနှင့်ကြီးလေးသော စည်းကြပ်မှုများပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရမည်။ လိုက်နာကျင့်သုံးရမည့်
စည်းကမ်း ချက်တချို့နှင့် လုပ်ငန်းခွင့်ပြုမိန့် ဝန်ဆောင်ခနှုန်းထား သတ်မှတ်ချက်တို့သည်
ကျိုးကြောင်းဆီလျော်၍ ဓမ္မဓိဋ္ဌာန် ကျခြင်း၊ ရှင်းလင်းခြင်း၊ ပွင့်လင်းမြင်သာခြင်း၊ ခွဲခြား
သတ်မှတ်မှုမရှိခြင်းနှင့် အခြားတစ်ဖက်တွင်လည်း ပဋိညာဉ်စာချုပ်ပါ အချက်အများကို လေးစားလိုက်နာ
ခြင်းတို့ရှိရမည်။ ရုပ်သံထုတ်လွှင့်မှုနှင့် မီဒီယာတို့အတွက် လုပ်ငန်းခွင့်ပြုမိန့် သတ်မှတ်ရာတွင်
အများပြည်သူပိုင် စီးပွားရေးနှင့် ရပ်ရွာအဖွဲ့အစည်းတို့ကြားတွင် မြေပြင် ရုပ်သံ အခြေစိုက်စခန်းများနှင့်
ဂြိုဟ်တုဆက်သွယ်ရေး နည်းပညာအစရှိသည့် ရင်းမြစ်များကိုရရှိနိုင်မှုတွင် တန်းတူညီမျှမှုရှိရမည်။
မည်သူမဆို လုပ်ငန်းခွင့်ပြုမိန့်ရရှိနိုင်ရန်
ညီမျှသော အခွင့်အလမ်းများရှိရမည်။ လုပ်ငန်းလျှောက်ထား မှုသည်လည်း ရှင်းလင်းတိကျ၍ တရားဥပဒေနှင့်အညီဖြစ်ရမည်။
စည်းကမ်း သတ်မှတ် ချက်များသည် လုပ်ငန်း လျှောက်ထားမှုနှင့် ဈေးပြိုင် ခေါ်ယူမှုအပါအဝင်
သာမန်စည်းကမ်း ချက်များတွင် အသေး စိတ်သတ် မှတ်ချက်များဖြင့် အဓိကဥပဒေအား ဖြည့်ဆည်း
ပေးရမည်။ လုပ်ငန်းကန့်သတ်ချက်အတွင်း အောက်ပါ အချက်အလက်များလည်း အနည်းဆုံးပါရှိရမည်။
- လုပ်ငန်းစဉ်အတိုင်းတွင် တိကျသောအချိန်
အတိုင်း အတာရှိရမည် (လျှောက်လွှာနောက်ဆုံးတင်ပြရမည့် အချိန်နှင့် ဆုံးဖြတ်ချက်ချမှတ်ရန်အတွက်
ယူရမည့် အချိန်ကာလ)
- လုပ်ငန်းစဉ်၏ အသေးစိတ်ရှင်းလင်းချက်နှင့်
စည်းကမ်းထိန်းသိမ်းသူမှ မည်သည့်ငြင်းပယ်မှုကို မဆို ခိုင်လုံသော အကြောင်းပြချက်များ
ရေးသား တင်ပြရန်လိုအပ်ချက်။
- တင်လျှောက်သူသည် လုပ်ငန်းလုပ်ပိုင်ခွင့်အတွက်
မည်သည့်ငြင်းပယ်မှုကိုမဆို အယူခံနိုင်ခွင့်ရှိသည်။
- စည်းမျဉ်းများ၌မည်သည့် ကုန်ကျစရိတ်နှင့်
ဝန်ဆောင် မှုနှုန်းထားတို့နှင့်ပတ်သက်၍မဆို ရှင်းလင်းသော ဖွဲ့စည်းပုံနှင့် လုပ်ငန်းစဉ်ပါဝင်ရမည်။
- လျှောက်လွှာတင်ပြမှုကို လက်ခံနိုင်မည့်
စံသတ်မှတ် ချက်များဖြစ်သည့် နည်းပညာကျွမ်းကျင်မှု၊ ငွေကြေး အရင်းအမြစ်နှင့် မျိုးစုံကွဲပြားသည့်
အယူအဆများအား ဖြန့်ဝေနိုင်မှုစသည်တို့ကို စည်းကမ်းများတွင် ရှင်းလင်းစွာ ဖော်ပြရမည်။
ဒီမိုကရေစီနိုင်ငံအများစုတွင် ရုပ်သံထုတ်လွှင့်သူများသည်
ပြည်သူများ၏ အငြင်းအခုံဖြစ်ဖွယ်ရာ ပြဿနာ များနှင့် ရင်ဆိုင်ရပါက မျှတ၍သမာသမတ်ကျရန်လိုအပ်သည်။
နိုင်ငံရေးပါတီတစ်ခုခုနှင့် အချိတ် အဆက် ရှိခြင်း(သို့မဟုတ်) မှ ပိုင်ဆိုင်ထားခြင်းမျိုးဖြစ်နေပါက
ရုပ်သံထုတ်လွှင့်သူများ အတွက် သမာသမတ်ကျရန် မဖြစ်နိုင်ပေ။ သို့သော် နိုင်ငံရေး ပါတီများမှ
ရုပ်သံထုတ်လွှင့်ခွင့် ကိုင်ဆောင်ထားခြင်းအား ဖြင့် တားမြစ်ရန် ဥပဒေပြုထားသော်လည်း လုပ်ငန်းဆောင်ရွက်
ရန်တင်လျှောက်သူ၏ ပုံစံ(သို့မဟုတ်) သဘာဝအပေါ် အခြား အကာအကွယ်ပေးထားသည့် တားမြစ်ချက်များမှာ
ယေဘုယျ အားဖြင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အား ချိုးဖောက် ခြင်းကို ကိုယ်စားပြုပေသည်။
ရုပ်သံထုတ်လွှင့်ခွင့် ခွင့်ပြုမိန့်လိုင်စင်အား
ထုတ်လွှင့်သည့် စနစ်တွင် စုံလင်ကြွယ်ဝခြင်းနှင့် မျှတခြင်းတို့ကို အားပေးမှုရှိ မရှိ
အကဲခတ်ခြင်းအပါအဝင် ယေဘုယျအားဖြင့် အချို့သော ကာလံဒေသံ သတ်မှတ်ချက်များ၏ ထိန်းချုပ်မှုအောက်တွင်
အပ်နှင်းသည်။
အကြောင်းအရင်းမှာ အဆိုပါအချက်များသည်
လွတ်လပ် စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ခြင်းအား ကိုယ်စားပြု သောကြောင့် ဖြစ်ပြီး
၎င်းအချက်များအား မှတ်စုတို (၂) တွင် ဖော်ပြထားသည့် အဆင့်သုံးဆင့်ပါ စစ်ဆေးချက်အရ တရား
မျှတမှုရှိကြောင်း သက်သေပြရန်လိုသည်။
စည်းကမ်းသတ်မှတ်ချက်များကို ခွင့်ပြုမိန့်လိုင်စင်ရှိသူ
အား အကြမ်းဖျင်း(သို့မဟုတ်) အသေးစိတ်ဖော်ပြရမည်။ ယေဘုယျသတ်မှတ်ချက်များတွင် နည်းပညာဆိုင်ရာ
စံ သတ်မှတ်ချက်များ(၄င်းတို့သည် ခွင့်ပြုမိန့်အမျိုးအစား ခွဲခြား ရာတွင် ကျင့်သုံးသည်)၊
မူပိုင်ခွင့်စည်းမျဉ်းများ၊ ခွင့်ပြုမိန့် သက်တမ်း၊ ပြည်တွင်းနှင့်ဒေသဆိုင်ရာ အစီအစဉ်များအား
အနည်းဆုံးထုတ်လွှင့်ပေးရမည့် ပမာဏကဲ့သို့ အပြုသဘော ဆောင်သည့် တာဝန်ဝတ္တရားများတို့ပါရှိရမည်။
ပုဂ္ဂလိက လုပ်ငန်းခွင့်ပြုမိန့်ရှိသူများသည် အချို့သော အသေးစိတ် သတ်မှတ်ချက်များ ဥပမာပြရမည်ဆိုလျှင်
လိုင်စင်ရရှိသူ အတွက် အနည်းဆုံးသတင်းပမာဏနှင့် ကလေးကဏ္ဍ ဝေစု လိုအပ်ချက်တို့အား လိုက်နာရမည်။
ပါဝင်သောအကြောင်းအရာများနှင့်ပတ်သက်သော
စည်းမျဉ်းများ
ပုံနှိပ်မီဒီယာကဏ္ဍနှင့်မတူညီဘဲ ရုပ်သံထုတ်လွှင့်သူ
များအတွက် စည်းမျဉ်းများမှာ ကိုယ်ပိုင်စည်းမျဉ်းအခြေခံ နှင့် တာဝန်ယူလုပ်ကိုင်မှုမှာရှားပါးလှပြီး
၎င်းအစား ပူးတွဲ စည်းမျဉ်းများ(သို့မဟုတ်) ပြဋ္ဌာန်းဥပဒေများကို ပိုမိုအသုံးပြု ကြသည်။
ပူးတွဲစည်းမျဉ်းများအား အမှီသဟဲပြုရသော အချို့နိုင်ငံများသည် ပါဝင်သော အကြောင်းအရာများနှင့်
ပတ်သက်သော စည်းမျဉ်းများနှင့်ပတ်သက်၍ လုံ့လဝီရိယ စိုက်ထုတ်သူ (သို့မဟုတ် ကိုယ်ပိုင်စည်းမျဉ်း)
အဖွဲ့အပေါ် ပုံချလိုက်ကြသည်။ သို့သော် ၄င်းတို့က ထုတ်လွှင့်သူများ သည် ထိုအဖွဲ့အား ပိုင်ဆိုင်သည်
ဟူသည့် အချက်အား လိုင်စင် ထုတ်ပေးရေး စည်းကမ်းတစ်ခုအဖြစ် သတ်မှတ် လိုက်သည် (ထို့ကြောင့်
ထိုအဖွဲ့၏ဆုံးဖြတ်ချက်အား နာခံရမည် (သို့မ ဟုတ်) ထိုအဖွဲ့၏အသင်းဝင်များနှင့် လိုင်စင်ပါဆုံးရှုံးနိုင်
သည့် အန္တရာယ်များရှိသည်)။ နိုင်ငံရေးဆိုင်ရာ ကြားဝင်မှု များသည် ကြီးမားသော အန္တရာယ်ကို
ဖြစ်စေနိုင်သော ကြောင့် မည်သည့်ပုံစံသည် နေရာကျမည်ကို အာရုံမစိုက်ဘဲ ပါဝင်သော အကြောင်းအရာများဆိုင်ရာ
စည်းမျဉ်းများနှင့် ပတ်သက်၍ အမှီအခိုကင်းရန်အတွက် လိုအပ်မှုသည် အထူး အရေးပါလှသည်။ ပြည်သူများသည်
ကွဲပြားသောအစီအစဉ် အမျိုးအစားများကို ရရှိကြောင်းသေချာရန်အတွက် နိုင်ငံ အများအပြားတွင်
ရုပ်သံထုတ်လွှင့်သူများအား အပြုသဘော ဆောင်သည့် တာဝန်ဝတ္တရားများ သတ်မှတ်ပြဋ္ဌာန်းပေးထား
သည်။ ယေဘုယျအကျဆုံး ဥပမာတစ်ခုမှာ ရုပ်သံထုတ်လွှင့် သူများသည် အချို့သောဒေသတွင်း အစီအစဉ်များကို
ထုတ်လွှင့်ပေးရန် လိုအပ်သည်။ ဤအချက်၏ နောက်ကွယ်၌ ရှိသော ကျိုးကြောင်းဆက်စပ်မှုတစ်ခုမှာ
ကိုယ်ပိုင်အစီအစဉ် များကို ထုတ်လွှင့်ရခြင်းထက် ပိုမိုလွယ်ကူ၍ သက်သာသော နိုင်ငံခြားမှ
အစီအစဉ်များကို ဝယ်ယူထုတ်လွှင့်ရန် မက်လုံး ပေးဆွဲဆောင် မှုများအား တန်ပြန်ဆောင်ရွက်ရန်လည်း
ဖြစ်သည်။ ၄င်းလိုအပ်ချက်များ ပျက်ကွက်နေမှုသည် အရေးပါသော ရုပ်သံထုတ်လွှင့်မှုများ၌ ပြည်သူတို့၏အသံများ
အလုံးစုံတည်ရှိမှုကို အကန့်အသတ် ဖြစ်စေသည်။ ဒေသ တွင်း အကြောင်းအရာများလိုအပ်မှုသည် ရုပ်သံလွှင့်မှုများ
မှ ဒေသတွင်းယဉ်ကျေးမှုအား မြှင့်တင်ရန်နှင့် ကာကွယ်ရန် အတွက် ခိုင်မာစေသည်။
နိုင်ငံအများအပြား၌ အမျိုးသားပိုင်ရုပ်သံ
ထုတ်လွှင့်ရေးများသည် ဒေသတွင်းအစီအစဉ်များကို အနည်းဆုံး ပမာဏ တစ်ခုထုတ်လွှင့်ပေးရန် လိုအပ်ချက်ရှိသည်။
တစ်ဖန်အား ဖြင့် ဤအချက်သည် စီးပွားရေးအရ အရေးကြီးသည့် တန်ပြန်ဆောင်ရွက်မှုဖြစ်သည်။ မတူညီသောနေရာများ
အတွက် မတူညီသောဒေသခံ အစီအစဉ်များကို ရိုက်ကူး ထုတ်လုပ်ရခြင်းသည် အမျိုးသားအစီအစဉ်များကို
စုပေါင်းထုတ်လုပ်ရခြင်းထက် ကုန်ကျစရိတ်ပိုမိုမြင့်မား သောကြောင့် ဖြစ်သည်။ ပရိသတ်များသည်
တစ်မျိုးသား လုံးဆိုင်ရာသတင်းများ၊ အဖြစ်အပျက်များအပြင် ဒေသ ဆိုင်ရာသတင်းများကို သိရှိနိုင်ကြောင်း
သေချာစေခြင်း၊ ထိုနေရာတွင် အများပြည်သူစိတ်ဝင်စားမှုရှိခြင်းကို ထင်ရှားစေသည့်အချက်ဖြစ်သည်။
အခြားသော လိုအပ်ချက်တစ်ရပ်မှာ ယေဘုယျဆန်မှု
နည်းပါးသော်လည်း နိုင်ငံအများတွင် ယခုအချိန်ထိ ရုပ်သံ ထုတ်လွှင့်သူများမှာ အသုံးပြုလျက်ရှိသည်။
အထူးသဖြင့် အများပြည်သူပိုင် ရုပ်သံထုတ်လွှင့်သူများသာမက တစ်ခါ တစ်ရံ၌ ပုဂ္ဂလိကရုပ်သံထုတ်လွှင့်သူများပါ
အသုံးပြု လျက်ရှိသည်။ ၄င်းမှာမည်သည့်ရုပ်သံလွှင့်မှုဌာန အဖွဲ့ အစည်းများနှင့် ဆက်စပ်မှုမရှိသော
လွတ်လပ်သည့် ထုတ်လုပ်သူများ၏ အစီအစဉ်များအား ထုတ်လွှင့်ခြင်း ဖြစ်သည်။ ရုပ်သံထုတ်လွှင့်သူများအတွက်
လွတ်လပ် သော ထုတ်လုပ်သူများ၏ အစီအစဉ်များကို အခြေပြု၍ ကျယ်ပြန့်စွာထုတ်လွှင့်ခြင်းမှာ
လိုအပ်ချက်တစ်ရပ် ဖြစ်လာ သည်။ ဤအချက် သည် အတွေးအမြင်များနှင့်ဆန်းသစ် မှုများအား ကဏ္ဍအလိုက်
ပိုမိုပြင်းထန်သော ပြိုင်ဆိုင်မှု များကို ဖြစ်ပေါ်လာစေသည်။ ရလဒ်မှာ ကြီးမားသော မျိုးစုံကွဲပြားသည့်
အကြောင်းအရာများပါဝင်လာခြင်းပင် ဖြစ်သည်။ အကြောင်းအရာ အစီအစဉ်ထုတ်လုပ်မှု လုပ်ငန်းကိုလည်း
ထိန်းသိမ်းနိုင်ပြီး အများပြည်သူပိုင် ရုပ်သံထုတ်လွှင့်မှုများတွင်လည်း လွတ်လပ်သောထုတ်လုပ်
သူများ၏ ဝေစုများတိုးမြင့်လာသည်။
ဒီမိုကရေစီနိုင်ငံအများစုတွင် ရုပ်သံထုတ်လွှင့်သူ
များသည် အချို့သော အပြုသဘောမဆောင်သည့် (သို့မဟုတ်)အနည်းဆုံးသော ကျွမ်းကျင်မှုဆိုင်ရာ
လိုအပ် ချက်များရှိသည်။ ပုံနှိပ်မီဒီယာကဏ္ဍကဲ့သို့ပင် ပုံမှန် နည်းလမ်းများအရ ပူးတွဲစည်းမျဉ်းများ
(သို့မဟုတ်) ပြဋ္ဌာန်းဥပဒေစနစ်များမှ ဖွံ့ဖြိုးလာသောကျင့်ဝတ်ဆိုင်ရာ အချက်များကို လေးစားလိုက်နာရန်လိုအပ်သည်။
ဤကျင့်ဝတ် အချက်များသည် အစီအစဉ်ထုတ်လွှင့်မှုနှင့် သက်ဆိုင်၍ တိကျမှန်ကန်မှု၊ ကိုယ်ပိုင်လွတ်လပ်ခွင့်၊
ကလေးသူငယ် များအား ကာကွယ်မှုနှင့်လိင်မှုကိစ္စနှင့် အကြမ်းဖက်မှု တို့နှင့်သက်ဆိုင်သော
ထိခိုက်လွယ်သည့်အချက်များကို ဦးတည်သည်။ တစ်ဖန်ပုံနှိပ် မီဒီယာကဲ့သို့ပင် ဤအချက် များသည်
ရံဖန်ရံခါ၌မကျေနပ်မှုများကို ဖြစ်ပေါ်စေသည်။ ပုံနှိပ်မီဒီယာ ကဏ္ဍနှင့် မတူညီဘဲ ဤအချက်များအား
စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့မှ စောင့်ကြည့်စစ်ဆေးနေသည့် အခြေခံအဖြစ်လည်း ရံဖန်ရံခါအသုံးပြုသည်။
ထိုကဲ့သို့ စည်းမျဉ်းချိုးဖောက်မှု အတွက်
အရေးယူရာတွင် သတိပေးချက်ထုတ်ခြင်း(သို့မဟုတ်) ပြန်လည် ပြင်ဆင် ထုတ်ဝေခြင်းကဲ့သို့ အပေါ့စားပြစ်ဒဏ်မှ
ဒဏ်ငွေချမှတ် ခြင်း(သို့မဟုတ်) ခွင့်ပြုမိန့် ရုပ်သိမ်းခြင်းကဲ့သို့ ပိုမို ပြင်းထန်သော
ပြစ်ဒဏ်များလည်း ချမှတ်နိုင်သည်။
မှတ်ချက် ။ ။ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ကျင့်သုံးရာ၌
လိုက်နာရမည့် စံနှုန်းများ၊ ကျင့်ဝတ်များ၊ တာဝန်ဝတ္တရားများကို သိရှိနိုင်ရန်အတွက် ဥပဒေနှင့်
ဒီမိုကရေစီဗဟိုဌာန (Centre for Law and Democracy) နှင့် နိုင်ငံတကာမီဒီယာ ထောက်ပံ့
ကူညီရေးအဖွဲ့ (International Media Support-IMS) တို့မှ ပြုစု ထုတ်ဝေသည့် ''အခြေခံလူ့အခွင့်အရေး
တစ်ခုဖြစ်သော လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်'' (လမ်းညွှန် မှတ်စု အတွဲများ)၊
Briefing Note Series "Freedom of Expression''စာအုပ်ကို အပတ်စဉ်တနင်္ဂနွေနေ့တိုင်း
ဖော်ပြသွားမည်ဖြစ်ပါသည်။ ဆောင်းပါးပါ မြန်မာဘာသာပြန်ဆိုချက်များနှင့် အသုံးအနှုန်းများမှာ
မူရင်းဘာသာပြန်ဆိုသည့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ အာဘော်သာဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

No comments:
Post a Comment