တပ်ကုန်း မတ် ၆
နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတနှင့် ဂန္ထဝါစကပဏ္ဍိတ
ဘွဲ့ တံဆိပ်တော်ရ ဆရာတော်နှစ်ပါး၊ သာသနာ့ဓဇဓမ္မာစရိယ ဘွဲ့တံဆိပ် တော်ရ ဆရာတော်နှစ်ပါးပူဇော်သည့်
ဂုဏဝိသိဋ္ဌပူဇာသဘင်နှင့် (၃၄)ကြိမ် မြောက် စူဠဘွဲ့နှင်းသဘင်ကို မတ် ၁ ရက်က ဗုဒ္ဓသာသနာပြုဗိမာန်တော်
ကြီး၌ ကျင်းပသည်။
အခမ်းအနားတွင် စာသင်တိုက် ကြီးကိုးတိုက်မှ စာအောင်သံဃာ ပထမကြီးအောင် ငါးပါး၊
ပထမလတ် အောင် ငါးပါးနှင့် ပထမငယ်အောင် ၁၄ ပါး စုစုပေါင်း စာအောင်သံဃာ ၂၄ ပါးတို့နှင့်
ပင့်သံဃာများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြပြီး မြို့နယ်သံဃနာယက ဒုတိယ ဥက္ကဋ္ဌ
ရွှေအင်းရိပ်သာ ဆရာတော်က ရေစက်ချအမျှပေးဝေကြောင်း သိရ သည်။

No comments:
Post a Comment