နေပြည်တော် ဖေဖော်ဝါရီ ၂၄
ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်
ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် HD Centre (Centre for Humanitarian Dialogue)၏ စင်ကာပူနိုင်ငံ
အခြေစိုက် အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Michael Vatikiotis ဦးဆောင်သော
အဖွဲ့အား ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော်
ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ
ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ
တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

No comments:
Post a Comment