နေပြည်တော် ဖေဖော်ဝါရီ ၂၄
ကုန်ကြမ်း-လောက်ကိုင် ကားလမ်း တစ်လျှောက်တွင် ဒေသခံပြည်သူများ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေး တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်လျက်
ရှိရာ ယနေ့
နံနက်ပိုင်းတွင် မိုင်တိုင်
အမှတ် (၂၃)အနီး၌ ကိုးကန့် သောင်းကျန်းသူ အင်အားစုအချို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်မှ စစ်သည်၂ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရစစ်သည်များအား ဆေးကုသမှုခံယူနိုင်ရေး တပ်မတော်ဆေးရုံများသို့ ဆက်လက် ပို့ဆောင်လျက်ရှိသည်။
အလားတူ ယနေ့နံနက်ပိုင်းတွင် လောက်ကိုင်မြို့အနောက်တောင်ဘက် (၂) မိုင်ခန့်အကွာတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက် လျက်ရှိသော တပ်မတော်စစ်ကြောင်းနှင့် ကိုးကန့်သောင်းကျန်းသူ အင်အားစု အချို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကိုးကန့်သောင်းကျန်းသူများထံမှ တရုတ်စက်လတ် ၁ လက်၊ ကျည်မျိုးစုံ ၃၈ တောင့်၊ TNT ယမ်းချောင်းနှင့် တိုက်မိုင်းများအား သိမ်းဆည်းရမိခဲ့သည်။
ထို့အတူ လောက်ကိုင်မြို့နှင့် ပါစင်ကျော်ကျေးရွာကြား တပ်မတော်စစ်ကြောင်းက လမ်းကြောင်းလုံခြုံရေး
ဆောင်ရွက်စဉ် မာလီရှူးဝါးကျေးရွာအနီး၌ မသင်္ကာဖွယ် တွေ့ရှိသူတစ်ဦးအား စစ်ဆေးခဲ့ရာ ကိုးကန့်သောင်း ကျန်း သူအဖွဲ့၏ အမာခံဖြစ်သူဟု ယူဆရသူ ရှောက်လော်ဟန်၊ ၂၉ နှစ်အား ဖမ်းဆီးရမိပြီး ၎င်းထံမှ တရုတ်-မြန်မာ နယ်နိမိတ်မှတ်တိုင်အမှတ် (၁၄၄)အနီး ကိုးကန့်သောင်းကျန်းသူများ ယာယီအခြေပြုလျက်ရှိသော ဟုန်ဇူထန် ကျေးရွာသို့ သွားရောက်ပို့ဆောင်မည့် စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ ပြားအား သိမ်းဆည်းရမိခဲ့သည်။
ထို့အပြင် ယနေ့မွန်းလွဲပိုင်းတွင် ပါစင်ကျော်ကျေးရွာနှင့် ချင်းရွှေဟော်ကြား ကားလမ်းတစ်လျှောက် နယ်မြေရှင်း လင်းရေး ဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းနှင့် ကိုးကန့်သောင်းကျန်း သူအင်အားစုများ လုံထန်ရွာအနီး၌ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်စစ်ကြောင်းများက ဆုတ်ခွာသွားသော ကိုးကန့် သောင်းကျန်းသူများနောက်သို့ လိုက်လံရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment