Tuesday, February 24, 2015

ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်ဒေသမှ တိုက်ပွဲရှောင် ကျောင်းသား /ကျောင်းသူများ သည် ရောက်ရှိရာ ဒေသအ သီးသီးတွင် စာမေးပွဲဖြေဆိုနိုင်ရေး စီစဉ်ပေးလျက်ရှိ



နေပြည်တော်  ဖေဖော်ဝါရီ  ၂၄
ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင် ဒေသမှ တိုက်ပွဲကြောင့် ဒေသ အသီးသီးသို့ ရောက်ရှိ နေကြ သူများ၏ ကလေးများ ဖြစ်သည့် ကျောင်းသား/ကျောင်းသူများ မိမိ ရောက်ရှိရာ ဒေသတွင် အတန်းဆုံး စာမေးပွဲ ဖြေဆိုနိုင်ရေး အတွက် ပညာရေး ဝန်ကြီးဌာနမှ စီစဉ်ထားရှိပြီး ဖြစ်ကြောင်း သတင်းများ ထုတ်ပြန်ပြီး ဖြစ်ပါသည်။

ယခုအခါ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း (တပ်ကုန်း) တွင် ၊ စတုတ္ထတန်းကျောင်းသား (၁) ဦး အထက(၂) ကော့ကရိတ်တွင် နဝမတန်းကျောင်းသား (၁) ဦး၊ အမက (၂၃၁) ကော့ကရိတ်တွင် ပထမတန်းကျောင်းသား (၁) ဦး၊ အထက (မင်းကုန်း) လှည်းကူးမြို့နယ်တွင် ဆဋ္ဌမတန်းကျောင်းသား (၂) ဦးနှင့် ပထမတန်းကျောင်းသူ (၁) ဦး ဖြေဆိုလိုကြောင်း ဆက်သွယ်လာပါသဖြင့် စီစဉ်ဆောင်ရွက် ပေးပြီးဖြစ်ပါသည်။
၂၀၁၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းဖြေဆိုရန် အတွက် လောက်ကိုင်ဒေသတွင် စာရင်းသွင်းထားသူ (၁၀၅) ဦးရှိသည့်အနက် ကွမ်းလုံမြို့ရှိ စာစစ်ဌာနအသစ် ဖွင့်လှစ်ပေးပြီးဖြစ်သည့်အပြင် လားရှိုးမြို့နယ်ရှိစာစစ်ဌာနတွင် (၄၉) ဦး၊ အလက (၉) လှိုင်သာယာစာစစ်ဌာနတွင် (၁) ဦး၊ အထက (မင်းကုန်း) လှည်းကူးမြို့နယ် စာစစ်ဌာနတွင် (၁) ဦး၊ အထက ကျိုက်မရော စာစစ်ဌာနတွင် (၂) ဦး၊ အလက (၄) မင်္ဂလာဒုံ စာစစ်ဌာနတွင် (၁) ဦး ဖြေဆိုလိုကြောင်း ဆက်သွယ်လာပါသဖြင့် စီစဉ်ဆောင်ရွက်ပေးပြီးဖြစ်ပါသည်။
ကျန်စာဖြေသူများအတွက် မိမိရောက်ရှိအခြေပြုရာ ဒေသရှိစာစစ်ဌာနများတွင် ဖြေဆိုလိုပါက သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးများကို ဆက်သွယ်၍ ဖြေဆိုနိုင်ကြောင်း သိရှိရပါသည်။
ထို့ပြင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရှိ အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ကြောင်းလည်း သိရှိရပါသည်-
(က) ဦးမျိုးမြင့်အောင် (ဦးစီးအရာရှိ)
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ဇွဲကပင်ဆောင်)
ဖုန်း- (၀၁) ၆၅၃၅၀၉၊ လက်ကိုင်ဖုန်း- (၀၉) ၅၀၆၁၇၇၆
(ခ) ဒေါက်တာမြတ်စိုးအောင် (လက်ထောက်ညွှန်ကြားရေးမှူး)
မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ ရုံးအမှတ် (၅၂)၊ နေပြည်တော်
ဖုန်း- (၀၆၇) ၄၃၀၁၆၈၊ လက်ကိုင်ဖုန်း- (၀၉) ၂၅၆၀၈၈၅၂၁

No comments:

Post a Comment