Wednesday, February 25, 2015

Google က ၄င်းရဲ့ Blogger network ပေါ်တွင် ညစ်ညမ်းစာပေ၊ ရုပ်ပုံများကို ပိတ်ပင်သွားမည်ဟု ကြေညာ


Blogger network ကို အသုံးပြုသူတွေအနေနဲ့ ညစ်ညမ်းရုပ်ပုံတွေကို အများပြည်သူ အမြင်ကနေ ဖယ်ရှားပေးဖို့ သတိပေးလိုက်ပါတယ်။ဒီလိုသတိပေးခဲ့ပြီးနောက်မှာ မဖယ်ရှားဘူးဆိုရင်တော့ တင်သမျှ  Posts တွေကို ဖော်ပြသွားမှာ မဟုတ်ဘူး လို့လည်း ပြောကြားခဲ့ပါတယ်။ Google ကုမ္ပဏီရဲ့  Blogger platform ကို အသုံးပြုသူတွေဟာ ဒီလိုမသင့်တော်တဲ့ ဓာတ်ပုံ၊ ဗွီဒီယိုတွေကို အချိန် တစ်လအတွင်း ဖယ်ရှားပေးရမှာ ဖြစ်ပါတယ်။ မတ်လ ၂၃ ရက်နေ့ ပြီးရင်တော့ စိတ်အနှောင့်အယှက်ဖြစ်စရာ ဘယ်လို accounts တွေကိုမဆို သီးသန့် ပုဂ္ဂလိက အဖြစ် ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။



ဒီလိုပြုလုပ်ခံရတဲ့ account တွေကိုလည်း အခြား account တွေလိုမျိုး ကြည့်ရှုလို့ ရမှာ မဟုတ်တော့ဘူးလို့  ဆိုပါတယ်။ ၂၃ ရက်နောက်ပိုင်းမှာမှ အသစ်ပြုလုပ်တဲ့ ယခုလို Blog တွေကိုလည်း ဖြုတ်ချသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ တရားမဝင်တဲ့ အကြောင်းအရာတွေ၊ ကာယကံရှင်တွေရဲ့ သဘောတူညီချက် မရရှိဘဲ ဖော်ပြတဲ့ အကြောင်းအရာတွေကိုသာ ပိတ်ပင်သွားမှာ ဖြစ်တဲ့ အကြောင်း သိရပါတယ်။ ပြည့်စုံစွာ ဖော်ပြထားတဲ့ ဓာတ်ပုံတွေကိုတော့ အနုပညာရေးရာ၊ ပညာရပ်ဆိုင်ရာ၊ သတင်းမှတ်တမ်း၊ သိပ္ပံနည်းကျ စတဲ့အကြောင်းအရာတွေနဲ့ ကိုက်ညီလုပ်ဆောင်သွားမယ်လို့ Daily Mail မှ သတင်းတစ်ရပ်အား ကိုးကားတင်ဆက်လိုက်ပါတယ်။ 

No comments:

Post a Comment