ဟားခါး ဖေဖော်ဝါရီ ၂၄
ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးဟုန်းငိုင်းသည် ပြည်နယ်စိုက်ပျိုးရေးနှင့်
မွေးမြူရေးဝန်ကြီး ဦးဗန်ထောင်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက်
ဖေဖော်ဝါရီ ၂၃ ရက် ညနေပိုင်းက ထန်တလန်မြို့နယ် လေတပ်စံပြကျေးရွာ အ.မ.ကမူလွန်ကျောင်း၌
ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စရပ်များ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ လေတပ်စံပြကျေးရွာဒေသခံ တိုင်းရင်းသားများက
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့အား ချင်းရိုးရာ ယဉ်ကျေးမှုအတီး၊ အမှုတ်တို့ဖြင့် ခရီးဦးကြိုဆိုကြပြီး
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရိုးရာမုခ်ဦးတံခါးပေါက်မှ ၀င်ရောက်ကြကာ ဒေသခံ တိုင်းရင်းသားများအား
ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ
ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လမ်းညွှန် အမှာစကား ပြောကြားရာ၌ ယခုကဲ့သို့ ထန်တလန်-ရေဇွာ-မတူပီလမ်းမကြီးပေါ်တွင်
လေတပ်စံပြကျေးရွာဟူ၍ ဖြစ်ထွန်းပေါ်ပေါက်ခြင်း သည် ဒေသခံပြည်သူများ၏ စည်းလုံးခြင်း၏ အကျိုးညီညွတ်ခြင်း၏
အင်အားပင် ဖြစ်ပါကြောင်း၊ မိမိတို့ဒေသနှင့် မိမိတို့လူမျိုးအတွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ
ဆောင်ရွက်ကြရာ၌ အားလုံးက မိမိကျရာကဏ္ဍတွင် တက်ညီလက်ညီ အားတက်သရော ၀ိုင်းဝန်းပူးပေါင်း
ပါဝင်ဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်းဖြင့် အကျယ်တ၀င့် လမ်းညွှန်မှာကြားကာ ပြည်နယ်အစိုးရအဖွဲ့ဝင်
စိုက်ပျိုးရေးနှင့်မွေးမြူ ရေးဝန်ကြီးဦးဗန်ထောင်းက လေတပ်စံပြကျေးရွာတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ
ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် လေတပ်စံပြကျေးရွာ တည်ဆောက်ရေးစီမံကိန်း
ကော်မတီဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော်လုခ်ရွှေကုန်းလိန်းက ၀မ်းမြောက်ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး
စံပြကျေးရွာတည်ဆောက် ရေးစီမံကိန်းကော်မတီ ဒုတိယဥက္ကဋ္ဌ (၂)ဦးခွါကမ်းကရပ်/ရွာလူထု၏ တင်ပြချက်များကို
ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး၍
နိဂုံးချုပ်အမှာစကားပြောကြားသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်
ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် လေတပ်ကျေးရွာ ရေပေးဝေရေးလုပ်ငန်းကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
No comments:
Post a Comment