Tuesday, February 24, 2015

နားမကြားသူများအတွက် တယ်လီဖုန်း call များကို စာသားဖြင့် ဖော်ပြပေးနိုင်သော application



Pedius အမည်ရှိ application တစ်မျိုးဟာ နားမကြားသူများအတွက် သူတို့ရဲ့ မိတ်ဆွေ၊ သူငယ်ချင်းများနဲ့ တယ်လီဖုန်း ပြောဆိုရာမှာ တစ်ဖက်က ပြောဆိုတဲ့ အသံကို မှတ်သားပေးပြီး ယင်းအသံကို အချိန်ကိုက် ဘာသာပြန်ဆိုပေးကာ ဖုန်း screen ပေါ်မှာ message အနေနဲ့ စာသားများ ဖော်ပြပေးနိုင်တဲ့ application ဖြစ်ပါတယ်။

အဆိုပါ Pedius app ကို အီတလီပညာရှင် Dr. Lorenzo Di Ciaccio က ဖန်တီးပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ ယခင်က နားမကြားတဲ့ လူတစ်ဦးဟာ သူမောင်းနေတဲ့ ကားတစ်စင်း ရုတ်တရက် ပျက်တဲ့အခါ ၎င်းအနေနဲ့ တယ်လီဖုန်းဖြင့် ဘယ်လို ဆက်သွယ်ပြီး အကူအညီ တောင်းရမယ်ဆိုတာကို မသိတဲ့အတွက် ဒုက္ခရောက်ခဲ့တဲ့ ဖြစ်စဉ်ကို ကြားသိခဲ့ရပြီး နောက်ပိုင်းမှာ ယခုကဲ့သို့ app မျိုးကို ဖန်တီးဖြစ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
Pedius app ကို အသုံးပြုသူအနေနဲ့ တစ်ဖက်မှ ပြောဆိုသူရဲ့ အသံဖော်ပြချက်ကို သေချာမရှင်းလင်းသည့် အခါမျိုးမှာ Redial ခလုပ်ကို ပြန်နှိပ်ပြီး message ကို ပြန်လည် တောင်းဆိုနိုင်တဲ့အပြင် microphone ကို ဖိနှိပ်ထားခြင်းအားဖြင့် message များကို record ပြုလုပ်ထားနိုင်ပါတယ်။
အခုအခါမှာတော့ Pedius app ကို Android နဲ့ iOS ဖုန်းများမှာ အသုံးပြုနိုင်ပြီး ဗြိတိန်၊ အမေရိကန်နဲ့ ပြင်သစ် နိုင်ငံတွေမှာ စတင်အသုံးပြုနေပြီ ဖြစ်ပါတယ်။

No comments:

Post a Comment