ရွှေသောင်ယံမြို့
ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကရင် တိုင်းရင်းသားရေးရာဝန်ကြီး စောမန်းသန်းရွှေ၊ လူမှုရေး
ဝန်ကြီးဌာန ၀န်ကြီးဒေါ်ခင်စောမူ၊ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်ခင်သီတို့ ပါဝင်သောအဖွဲ့သည်
ဖေဖေါ်ဝါရီလ(၂၂)ရက် နံနက်(၁၀)နာရီအချိန်က ရွေသောင်ယံမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်သူ၊
မြို့ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များ၊
လူမှုရေးအသင်းအဖွဲ့များ
ဒေသနေပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက်
မီးအသုံးပြုနိုင်ရေးအတွက် မီးစက် အလှူငွေ (၁၅)သိန်း ပေးအပ်ပါသည်။ ဆက်လက်၍ ၀န်ကြီး၊လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့သည်
သဲကုန်း ကျေးရွာအုပ်စု၊ အုန်းချောင်းကျေးရွာ ဆေးပေးခန်းဖွင့်ပွဲသို့တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ
အုန်းချောင်းကျေးရွာ ဘုရားရှိခိုးကျောင်းတွင် ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး
တွေ့ဆုံအမှာစကားပြောကြားပြီး အုန်းချောင်း အထက(ခွဲ)ဝန်ထမ်း အိမ်ယာအတွက် အလှူငွေကျပ်(၁၀)သိန်း
ပေးအပ်ပါသည်။ ထိုမှတဆင့် သဲကုန်းကျေးရွာ အုပ်စု ဝက်သေ-ကျူတောကျေးရွာ ချင်းဆက်လမ်းကို
သွားရောက်ကြည့်ရှုပြီး လမ်းအတွက် အလှူငွေကျပ် (၁၀)သိန်း ပေးအပ်ခဲ့ ကြောင်း သိရှိရပါသည်။
No comments:
Post a Comment