Tuesday, February 24, 2015

နှလုံးကျန်းမာစေဖို့ ကောင်းမွန်တဲ့ အစားအစာ ၇ မျိုး


နှလုံးရောဂါဟာ သေဆုံးမှုရဲ့ အကြောင်းရင်းအဖြစ် ဦးဆောင်နေဆဲ ဖြစ်သည်။ နှစ်စဉ် သေဆုံးမှု ၄ခုတွင် ၁ ခုက နှလုံးရောဂါကြောင့် ဖြစ်သည်။ သို့သော် နေထိုင်မှုပုံစံတွေက နှလုံးကျန်းမာရေးကို တိုးမြှင့်စေနိုင်တဲ့ အကြောင်း သတင်းကောင်းရှိပါသည်။ ရိုးရှင်းတဲ့ အစားအစာ ရွေးချယ်မှုလေးတွေက နှလုံးကျန်းမာရေးကို ကောင်းမွန်စေတဲ့အတွက် နှလုံးကို  အထောက်အကူပေးတဲ့ အစားအစာ ၇ မျိုးအကြောင်း ဖြစ်သည်။


၁။ခရမ်းချဉ်သီး

ခရမ်းချဉ်သီးဟာ နှလုံးကျန်းမာရေးနဲ့ ဆက်စပ်နေသည်။ ဗီတာမင် စီကြွယ်ဝစွာ ပါဝင်သည့်အပြင် ပိုတက်စီယမ်၊ အမျှင်ဓာတ်နှင့် ဗီတာမင်အေ တို့လည်း ပါဝင်သည်။ မကောင်းသည့် ကိုလက်စထရောကို လျှော့ချပေးတဲ့ lycopene နဲ့ ရောင်ခြယ်ပစ္စည်း carotenoid လည်း ပါဝင်သည့်အတွက် သွေးကြောတွေကို ဖွင့်ပေးနိုင်ကာ နှလုံးရောဂါ အန္တရာယ်ကို လျှော့ချပေးနိုင်သည်။

၂။ Blueberries
Blueberry ဟာ အရွယ်အစားသေးငယ်သော်လည်း အကျိုးကျေးဇူးကတော့ များပြားသည်။ ၎င်းတွင် ပါဝင်သည့် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ antioxidant သည် သွေးကြောတွေအပေါ် သက်ရောက်မှုရှိပြီး သွေးပေါင်ချိန်ကို လျော့ကျစေသည်။ မီးယပ်ကုန်ဆုံးပြီးသည့် အမျိုးသမီးများတွင် ဖြစ်တတ်သော သွေးလွှတ်ကြော တင်းခြင်းကိုလည်း သက်သာစေသည်။

၃။ ငါးသေတ္တာငါး
အဆီများသည့် ငါးများတွင် နှလုံးအား ကျန်းမာစေသည့်ဲ့ အိုမီဂါ- ၃ fatty acids ပေါပေါများများ ပါရှိသည်။ လေ့လာမှုအရ တစ်ပတ်တွင် ယခုကဲ့သို့ ငါးအမျိုးအစားကို နှစ်ကြိမ် သုံးကြိမ်ခန့် စားပေးသင့်သည်။ ထိုကဲ့သို့ စားပေးပါက နှလုံးရောဂါ ဖြစ်ပွားမှုနှုန်းကို ၃၀ ရာခိုင်နှုန်းလောက် လျော့ကျစေပါသည်။

၎။ အစေ့အဆန်များ
အုတ်ဂျုံမုန့်၊ ဆန်လုံးညို၊ ဂျုံခေါက်ဆွဲနဲ့ ပေါင်မုန့်စသည့် အစေ့အဆန်တွေမှာ အမျှင်ဓာတ် ပါဝင်သဖြင့် နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါသည်။

၅။ ကျန်းမာသည့် ဆီများ
ကျန်းမာသည့် ဆီပမာဏအနည်းငယ်လောက်အား အစားအစာထဲတွင် ထည့်စားခြင်းက နှလုံးအတွက် အရေးပါပြီး အစားစားချင်စိတ်ကို မြင့်တင်ပေးသည်။ မုန်ညင်းဆီ၊ သံလွင်ဆီ၊ နှမ်းဆီနဲ့ ဟင်းသီး ဟင်းရွက်ဆီများက ကျန်းမာသည့် ဆီတွေထဲမှာ ပါဝင်သည်။

၆။ ပဲစေ့များ
ပဲစေ့တွေဟာ အပင်ကနေရတဲ့ အသားဓာတ်အရင်းအမြစ် တစ်မျိုးဖြစ်ပါတယ်။ နှလုံးကျန်းမာစေတဲ့ ပါဝင်ပစ္စည်းတွေဖြစ်တဲ့ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်၊ သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း antioxidantတွေ ပါဝင်ပါတယ်။ ဒါ့အပြင် ပဲစေ့တွေဟာ ဈေးနှုန်းသက်သာပြီး ရွေးချယ်စရာလည်း များလှပါတယ်။

၇။ အခွံမာသီး

အခွံမာသီးများသည် ဗီတာမင်၊ သတ္ထုဓာတ်၊ အမျှင်ဓာတ်နှင့် နှလုံးကျန်းမာစေသော အဆီများနှင့် ဖွဲ့စည်းထားသည်။ အခွံမာသီးများအား တစ်ပတ်လျှင် နှစ်ကြိမ်မှ လေးကြိမ်အထိ စားသုံးသင့်ကြောင်း လေ့လာမှုများက အကြံပြုထားသည်။ အခွံမာသီးများသည်လည်း ဈေးသက်သာပြီး သိုလှောင်ထားဖို့လည်း လွယ်ကူသည်။ အဆိုပါအသီးများက ကယ်လိုရီပါဝင်မှု မြင့်မားသဖြင့် တစ်ကြိမ်တွင် လက်တစ်ဆုပ်စာခန့်သာ စားသင့်ကြောင်း Fox news မှ သတင်းတစ်ရပ်က ဖော်ပြထားသည်။

No comments:

Post a Comment