Sunday, February 8, 2015

ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး နှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးအား လက်ခံတွေ့ဆုံ




နေပြည်တော်   ဖေဖော်ဝါရီ 
ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာ နာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Ms. Renata Lok- Dessallien အား လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့်အတူ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ကုလသမဂ္ဂဌာန ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Ms. Renata Lok- Dessallien နှင့်အတူ တာဝန်ရှိသူတို့ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့ပေးရေးကိစ္စရပ်များ၊ သတင်းဖလှယ်ပူး ပေါင်းဆောင်ရွက်ဆိုင်ရာ ကိစ္စရပ်များနှင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးဆောင်ရွက်နေ မှုဆိုင်ရာကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment