နေပြည်တော် ဖေဖော်ဝါရီ ၈
ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)
ဗိုလ်ချုပ်ကြီး လှဌေးဝင်းသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌
ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာ နာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး
Ms. Renata Lok- Dessallien အား လက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ညှိနှိုင်းကွပ်ကဲရေးမှူး
(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့်အတူ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ
ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ကုလသမဂ္ဂဌာန
ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Ms. Renata Lok-
Dessallien နှင့်အတူ တာဝန်ရှိသူတို့ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် လူသားချင်းစာနာမှုဆိုင်ရာ
ကူညီထောက်ပံ့ပေးရေးကိစ္စရပ်များ၊ သတင်းဖလှယ်ပူး ပေါင်းဆောင်ရွက်ဆိုင်ရာ ကိစ္စရပ်များနှင့်
အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးဆောင်ရွက်နေ မှုဆိုင်ရာကိစ္စရပ်များအား
အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment