နေပြည်တော် ဖေဖော်ဝါရီ ၈
“အခြေခံအုတ်မြစ်များ တည်ဆောက်လို့- အားလုံး
အကျုံးဝင်သည့် အနာဂတ် ဖွံ့ဖြိုးမှုဆီသို့” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် တတိယအကြိမ်
မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဒုတိယနေ့ကို ယနေ့နံနက်
၉နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ဆက်လက်ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က
အဖွင့်အမှာ စကားပြောကြားပြီး အဖွဲ့ခေါင်းဆောင်များ ဖြစ်ကြ သည့် ဒေါက်တာဒေါ်ယဉ်ယဉ်နွယ်၊
ဦးတင်ထွဋ်ဦး၊ ဒေါက်တာဇော်ဦး၊ ဒေါ်နွယ်နွယ်ဝင်း၊ ဒေါက်တာဒေါ်စန်းစန်းအေး၊ ဦးမင်း ဇာနည်လင်း၊
ဦးခန့်ဇော်၊ ဦးကျော်ဇေယျနှင့် ဒေါ်ခိုင်ခိုင်နွယ်တို့က လူသားစွမ်းရည်ဖွံ့ဖြိုးမှု အစီရင်ခံစာ၊
မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာလမ်းကြောင်းများအစီရင်ခံစာ၊ မြေအရင်းအမြစ်
စီမံခန့်ခွဲမှုအစီရင်ခံစာ၊ ပြည်သူ့ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုအ စီရင်ခံစာ၊ လူမှုအကာ အကွယ်ပေးရေး
အစီရင်ခံစာ၊ အဖွဲ့အစည်း ဆိုင်ရာပြုပြင်ပြောင်း လဲမှုနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုအ စီရင် ခံစာ၊
ဒေသတွင်းပေါင်းစည်းမှု၊ ပူးပေါင်းမှုနှင့် ဆက်သွယ် ယှက်နွယ်မှု တိုးမြှင့်ခြင်းအစီရင်ခံစာ၊
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး အစီရင်ခံစာ၊ တီထွင်ကြံဆမှုရှိစွာ မိတ်ဖက်ပြုခြင်း-ပုဂ္ဂလိက၏ကဏ္ဍ
အစီရင်ခံစာနှင့် ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေး တွင် ထိရောက်မှုမြှင့်တင်ခြင်း အစီရင်ခံစာတို့ကို
ဖတ်ကြား တင်ပြကြသည်။
ထို့နောက် ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့်
ဖွံ့ဖြိုးမှုမိတ်ဖက်များအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များက အဖွဲ့အ လိုက် ဖတ်ကြားတင်ပြကြသည့်
အစီရင်ခံစာ များအပေါ် အသီးသီးဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲကို မွန်းလွဲပိုင်းတွင် အောင်မြင်စွာရုပ် သိမ်းလိုက်သည်။
ဆွေးနွေးပွဲအပြီးတွင် သတင်းစာရှင်းလင်းပွဲကျင်းပရာ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့မှုများ၊ ဆွေးနွေးပွဲ
ရလဒ်များနှင့် ဆွေးနွေးပွဲက သဘောတူထုတ်ပြန်နိုင်ခဲ့သည့် ပူးတွဲကြေညာချက်ပါ အကြောင်း
အရာ များကို ရှင်းလင်းပြောကြားသည်။
နေပြည်တော်၌ နှစ်ရက်ကြာကျင်းပခဲ့သည့်
တတိယအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင်ရွက် ရေးဖိုရမ်အပြီးတွင်
ပူးတွဲကြေညာချက်တစ်စောင်ကို ထုတ်ပြန်နိုင်ခဲ့ရာ ၎င်းကိုသီးခြားဖော်ပြ ထားရှိပါသည်။
ဆွေးနွေးပွဲ ဒုတိယနေ့ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊
ဒုတိယ ဝန်ကြီးများ၊ လွှတ်တော်နှင့် နိုင်ငံရေးပါတီများမှ
ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့များမှ စီးပွားရေးဝန်ကြီးများ၊
အလှူရှင်နိုင်ငံများ၊ အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော
အဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့များမှ
ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
No comments:
Post a Comment