အင်းတော် ဖေဖော်ဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နားနောင်ကျေးရွာ
ဦးကျားဘိုနေအိမ်သို့ ဖေဖော်ဝါရီ ၁၉ ရက်နံနက် ၁၁ နာရီခန့်က Mr.Konuma Toshio ဦးဆောင်သော
ဂျပန်အရိုးကောက်အဖွဲ့ရောက်ရှိကြောင်းသိရသည်။
အဆိုပါအဖွဲ့တွင် Mr.Konuma Toshio ရန်ကုန်တက္ကသိုလ်မနုဿဗေဒဌာန
ပါမေက္ခဌာနမှူး ဒေါက်တာမြမြခင်နှင့် ဂျပန်ဧည့်လမ်းညွှန် ဦးစိုးဝင်းတို့ပါရှိကြောင်း
သိရသည်။
၎င်းဂျပန်အရိုးရရှိခဲ့သည်မှာ ပြီးခဲ့သည့် ၂ဝ၁၃
ခုနှစ် မေ ၁၄ ရက်က နားနောင်ကျေးရွာ ဦးကျားဘိုနေအိမ်ခြံဝင်း အတွင်းရေတွင်း တူးဖော်ရာမှ
ဂျပန်စစ်သားများကိုင်ဆောင်လေ့ရှိသော ဓားနှင့်ရုပ်ကြွင်းအရိုးစုတို့ ပူးတွဲရရှိထားသောအရိုး
စုအား လာရောက်ကောက် ယူခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအရိုးစုမှာ ဂျပန်စစ်သားအရာရှိတစ်ဦး၏ ရုပ်ကြွင်းအရိုးစုဖြစ်ကြောင်း
အဆိုပါအဖွဲ့မှ အတည်ပြုပြောကြား ခဲ့သည်။ အဆိုပါ အရိုးစုကို ဦးကျားဘိုထံမှ ဂျပန်အရိုးကောက်အဖွဲ့သို့
လွှဲပြောင်းပေးအပ်ရာတွင် အင်းတော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်မြင့်၊ မြို့နယ်စည်ပင်
သာယာရေးကော်တီဥက္ကဋ္ဌ ဦးညွန့်လှိုင်၊ မြို့နယ်အထောက် အကူပြုကော်မတီဦးတင်လှိုင်၊ ဒုတိယမြို့နယ်ပညာရေးမှူး
ဦးသိန်းဆွေဝင်း၊အင်းတော်မြို့မရဲစခန်း ဒုရဲအုပ်သောင်း စိန်ထွန်းနှင့် အဖွဲ့တို့ကကူညီဆောင်
ရွက်ပေးကြပြီး ဦးကျားဘိုနေအိမ်မှ အရိုးများကိုဂျပန်အရိုးကောက်အဖွဲ့မှ ညနေ ၃ နာရီခန့်တွင်သယ်ဆောင်
သွားကြောင်း သိရသည်။

No comments:
Post a Comment