မန္တလေး ဖေဖော်ဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး အမှတ်(၂) အခြေခံပညာဦးစီးဌာန၏ ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်အတွက် အခြေခံပညာမူလတန်း (စတုတ္ထတန်း)နှင့် အလယ်တန်း (အဋ္ဌမတန်း) စာမေးပွဲစစ်ဆေးခြင်းများကို ဖေဖော်ဝါရီ ၁၉ ရက်မှစတင်ကျင်း ပခဲ့ရာ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်မှ စတုတ္ထတန်းဖြေဆိုသူ ကျောင်းသားဦးရေ ၁ဝ၂၅၉၆ ဦးနှင့် အဋ္ဌမတန်းဖြေဆိုသူ ၇၂၂ဝ၂ ဦး ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။
အခြေခံပညာမူလတန်း(စတုတ္ထတန်း)စစ်ဆေးခြင်းများအတွက် အခြေခံ ပညာ ထက်၊ လယ်၊ မူကျောင်းများမှ ၇၁၇ ကျောင်း၊ ကိုယ်ပိုင်ကျောင်းများမှ ၁၃ ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ၁၉၇ ကျောင်း စုစုပေါင်း ၉၂၇ ကျောင်းအား စာစစ်ဌာနထားရှိပြီး မြို့နယ် ၂၈ မြို့နယ်မှ စားရင်းရှိ ကျောင်းသားဦးရေ ၁ဝ၃၇၉၇ ဦးအနက် ဖေဖော်ဝါရီ ၂ဝ ရက်အထိ ၁ဝ၂၅၉၆ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဖြေဆိုသူရာခိုင်နှုန်းအားဖြင့် ၉၈ ဒသမ ၈၄ ရာခိုင်နှုန်းရှိသည်။
အခြေခံပညာအလယ်တန်း(အဋ္ဌမတန်း) စစ်ဆေးခြင်းများအနေဖြင့် အခြေခံပညာ ထက်၊ လယ်၊ မူကျောင်းများမှ ကျောင်းပေါင်း ၃၉၈ ကျောင်း၊ ကိုယ်ပိုင်ကျောင်းများမှ ၁၆ ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များမှ ၂၈ ကျောင်း စုစုပေါင်း ၄၄၂ ကျောင်းအား စာစစ်ဌာနထားရှိပြီး မြို့နယ် ၂၈ မြို့နယ်မှ စာရင်းရှိကျောင်းသားဦးရေ ၇၃၁၇၄ ဦးအနက် ဖေဖော်ဝါရီ ၂ဝ ရက်ထိ ၇၂၂ဝ၂ ဦးဝင်ရောက်ဖြေဆိုကြပြီး ဖြေဆိုသူရာခိုင်နှုန်းမှာ ၉၈ ဒသမ ၆၇ ရာခိုင်နှုန်းရှိကြောင်းသိရသည်။
No comments:
Post a Comment