သန့်ရှင်းရေးဆိုတာ
လူတွေရဲ့ဘ၀ တစ်စိတ်တစ်ပိုင်းပဲဖြစ်ပါတယ်။ ဖုန်း၊ ဟန်းဘက်အိတ်၊ ဂျင်းဘောင်းဘီ စတာတွေကို
သန့်ရှင်းအောင် လုပ်ဆောင်ပေးဖို့ လိုအပ်သလို အသုံးအဆောင်တွေကိုလည်း အချိန်မှန်မှန်
သန့်စင်အောင် ဆေးကြောပေးဖို့ လိုအပ်ပါတယ်။
ဟန်းဘက်အိတ်လက်ကိုင်နဲ့
အောက်ခြေမှာ ပိုးတွေအများကြီး ကပ်ငြိနေတတ်တဲ့အတွက် တစ်ပတ်တစ်ကြိမ် လျှော်သင့်ပါတယ်။
ဘက်တီးရီးယားပိုးသတ်အ၀တ်နဲ့ တစ်ပတ်တစ်ကြိမ် သန့်စင်ပေးပါ။
ဂျင်းဘောင်းဘီကို
ငါးကြိမ်ဝတ်ပြီးမှ လျှော်ရင် အရောင်နဲ့ ဂျင်းသား မထိခိုက်အောင် ထိန်းထားနိုင်ပါတယ်။
မကြာခဏ လျှော်ရင် ဂျင်းဘောင်းဘီနွမ်းလွယ်ပါတယ်။ ဂျင်းဘောင်းဘီလျှော်မယ်ဆိုရင် ဘောင်းဘီဇစ်၊
ကြယ်သီးစတာတွေကို အတွင်းဘက်လှည့်ပြီးလျှော်ပါ။
လက်ကိုင်ဖုန်းပေါင်း ၅၁လုံးမှာ ဘက်တီးရီးယားမျိုးစိတ်
ခုနှစ်ထောင်ခန့် တွေ့ရှိရတယ်လို့ အမေရိကန်
သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ လက်ကိုင်ဖုန်းပူအောင် သုံးလိုက်တဲ့အခါမှာ ဘက်တီးရီးယားပိုးတွေကို
ပိုပွားစေပါတယ်။ ကီးပက်ဖုန်းတွေက ပိုဆိုးပါတယ်။ ဒါကြောင့် လက်ကိုင်ဖုန်းကို ဘက်တီးရီးယား
သန့်စင်တဲ့ ပိုးသတ်အ၀တ်နဲ့ နေ့စဉ်နေ့တိုင်း သန့်စင်ပေးသင့်ပါတယ်။
မွေ့ရာပေါ်က
ဖုန်မှုန့်ပိုးမစင်တွေက ဓာတ်မတည့်မှုနဲ့ ပန်းနာရင်ကျပ်ရောဂါကို ဖြစ်စေနိုင်ပြီး ဖန်းဂတ်စ်နဲ့
မှိုတွေက ပြင်းထန်တဲ့ ဓာတ်မတည့်တုံ့ပြန်မှုကို ဖြစ်စေနိုင်ပါတယ်။ မွေ့ရာတွေကို ခြောက်လတစ်ကြိမ်
သန့်စင် သင့်ပါတယ်။ မွေ့ရာအပေါ်ယံကို ရေအေးဆွတ်ထားတဲ့ ပိတ်စနဲ့ သန့်စင်သင့်ပါတယ်။
ချွေးစိုနေတဲ့စောင်အခင်းတွေကို
တစ်ပတ်တစ်ကြိမ် လျှော်ဖွတ်သန့်စင်သင့်ပါတယ်။ ဖုန်မှုန့်မွှားတွေက အန္တရာယ် မရှိပေမယ့်
ဓာတ်မတည့်ဖြစ်စေပြီး မျက်စိယားယံတာ၊ နှာခေါင်းယားယံတာနဲ့ ရင်ကျပ်တာတို့ကို ဖြစ်စေ နိုင်ပါတယ်။
လျှော်ဖွတ်ထားတဲ့ စောင်အခင်းနဲ့ ခေါင်းအုံးစွပ်တွေကို နေရောင်ထဲမှာ လှန်းလိုက်ရင် ပိုးမွှားတွေကို
သေစေပါတယ်။ ခေါင်းအုံးစွပ်ကို မီးပူနဲ့တိုက်လိုက်ရင် ကျန်ရှိနေတဲ့ ဘက်တီးရီးယားပိုးတွေကို
သေစေ နိုင်ပါတယ်
No comments:
Post a Comment