Tuesday, February 24, 2015

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ကော့သောင်းခရိုင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

ကော့သောင်း ၊ ဖေဖေါ်ဝါရီ ၂၄ ရက်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကော့သောင်းခရိုင်အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို ဖေဖေါ်ဝါရီ ၂၄ ရက်၊ နံနက်(၈း၃၀)နာရီက ကော့သောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဟံသာဝတီခန်းမတွင်ပြုလုပ်သည်။



ရှေးဦးစွာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားဖွင့်ပွဲအားကျင်းပရာ ကော့သောင်းခရိုင်၊ အုပ်ချုပ်ရေးမှူး ဦးကျော်ဇာနည်လွင် က အဖွင့် အမှာစကားပြောကြားသည်။
ယင်းနောက် တနင်္သာရီတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်နီနီချိုက အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ အကျယ်တ၀င့်ရှင်းလင်းပြောကြားပြီး ဖွင့်ပွဲ အခမ်းအနား အားရုတ်သိမ်းလိုက်သည်။

ဆက်လက်၍အလုပ်ရုံဆွေးနွေးပွဲအားပြုလုပ်ရာ ဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ မူဝါဒများ၊ ၀န်ကြီးဌာန၏ ရည်မှန်းချက်တာဝန်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ တတိယအဆင့် အရှိန်မြှင့်တင်မှု လုပ်ငန်းများ၊ ပြည်သူ့ဗဟိုပြုလုပ်ငန်းများဖြစ်သည့် စာကြည့်တိုက် များဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက် နေမှုများ၊ အခြေခံစာကြည့်တိုက် နည်းပညာများ ၊ ပြည်သူ့ဗဟိုပြု မီဒီယာလုပ်ငန်းများ သွက်လက်မြန်ဆန်စွာ ဆောင်ရွက် နေမှုများနှင့် ပတ်သက်၍ အကျယ်တ၀င့်ဆွေးနွေးပြီး အလုပ်ရုံဆွေးနွေးပွဲ သို့တက်ရောက်လာသည့် ခရိုင်အတွင်းရှိမြို့နယ် ဦးစီးမှူးများ၊ ရပ်ကွက်နှင့် ကျေးရွာစာကြည့်တိုက်မှူးများနှင့် တာဝန်ခံများမှ စာကြည့်တိုက်များ ရေရှည်တည့်တံ့ဖွံ့ဖြိုး တိုးတက်ရေး နှင့်ပတ်သက်သည့် ရှေ့လုပ်ငန်းစဉ်များ အကြံပြုချက်များ အား အပြန်အလှန် ဆွေးနွေးဖလှယ် ခဲ့ကြ ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment