နေပြည်တော်
ဖေဖော်ဝါရီလ ၂၄
ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၊
ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင် သည် ဖေဖော်ဝါရီလ(၂၃)ရက် ညနေပိုင်း တွင် ပုဂံမြို့ရှိ
"The Umbra Hotel" အစည်း အဝေးခန်းမ၌ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ
အသင်း(ပုဂံဇုန်)မှ အလုပ်အမှုဆောင် အဖွဲ့ဝင် များနှင့်တွေ့ဆုံ၍ ပုဂံခရီးစဉ်ဒေသ စနစ်တကျဖြင့်
ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင်
ပုဂံမြို့၊ The Umbra Hotel အစည်းအဝေး ခန်းမ၌ပြုလုပ်သည့် “ပုဂံခရီးစဉ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အကောင်အထည်ဖော်ဆောင်ရွက် ရေးဆိုင်ရာဆွေး နွေးပွဲ” အခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်အမှာ စကားပြောကြားရာတွင်
ပုဂံခရီးစဉ်ဒေသသည် ယခုအခါ၌ အာဆီယံဒေသ အတွင်းရှိ အန်ကောဝပ်၊ ဗောဓေါဗုဒ္ဓတို့နှင့်အတူ
ထင်ရှားကျော်ကြားနေပြီ ဖြစ်သည့်အတွက် ကမ္ဘာလှည့် ခရီး သည်ရောက်ရှိမှုမှာလည်း တစ်နှစ်
ထက်တစ်နှစ် ပိုမိုများပြားလာပါကြောင်း၊ သို့ရာတွင် ခရီးစဉ်ဒေသတစ်ခု စနစ်တကျနှင့် ရေရှည်
ဖွံ့ဖြိုးတိုးတက်နိုင် ရန်အတွက် လိုအပ်ချက်များကိုသုတေသနပြုဆောင်ရွက်ပြီး စီမံချက်ရေးဆွဲချမှတ်
အကောင်အထည်ဖော် ရမည်ဖြစ် ပါကြောင်း၊ အတွက်ကြောင့် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး
အေဂျင်စီ (JICA) အကူအညီဖြင့် ဒေသတွင်း အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊
စီမံအုပ်ချုပ်မှုများကောင်း မွန်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် များဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်း ကဏ္ဍများအတွက် သုတေသနပြုဖော် ထုတ် ဆောင်ရွက် နေခြင်း ဖြစ် ပါကြောင်း။ ယခုကဲ့သို့
ပုဂံဒေသအတွက် ရှေ့ပြေးပုံစံ တစ်ခုထွက်ရှိလာမှသာ အခြားခရီးစဉ် ဒေသများအတွက်လည်း အထောက်အကူပြုနိုင် မည်ဖြစ်ပြီး
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုး ကျေးဇူးရရှိမှာဖြစ် ပါကြောင်း
ပြောကြား သည်။
ထို့နောက် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ
(JICA) မှ Representative ဖြစ်သူ Ms.Kanke
Senda က လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက် ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား
သည်။ ၎င်းနောက် ဆွေးနွေးပွဲအခမ်းအနားကို အစီအစဉ်အတိုင်းဆက်လက်ကျင်းပရာ
ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) ၏ ပညာရှင်အဖွဲ့ ခေါင်းဆောင် Mr. Go Kimura က ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွား
သွားမည့် စီမံကိန်း လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ စုဖွဲ့တာဝန်ပေးအပ် ထားသည့်
လုပ်ငန်းအဖွဲ့(၃)ဖွဲ့၏ တာဝန်ခံများမှ လုပ်ငန်းကဏ္ဍအလိုက် ဦးစားပေးရွေးချယ် ဆောင်ရွက်သွားမည့်
စီမံချက်များနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းပြောကြားကြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ
မှတာဝန်ရှိသူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ဝိုင်းဝန်းဆွေးနွေးကြကာ သိရှိလိုသည်များနှင့်ပတ်သက်၍ မေးမြန်းချက်များ အပေါ် ဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး
အေဂျင်စီ (JICA) ၏ တာဝန်ရှိသူများမှ ပြန်လည်ရှင်း လင်းဖြေကြားခဲ့ကြကြောင်း
သတင်းရရှိသည်။
_1.jpg)
No comments:
Post a Comment