Tuesday, February 24, 2015

ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံ ကိန်း မိတ်ဆက် ခြင်း အခမ်းအနား ကျင်းပ




နေပြည်တော် ဖေဖော်ဝါရီ ၂၄
ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ အပြည်ပြည်ဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်း များသို့ "တရား မျှတရေး အတူတကွ မြှင့်တင်ပေး" တရားစီရင်ရေး ဆိုင်ရာ မဟာဗျူဟာ စီမံကိန်း မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက် နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော် ချုပ်ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ မဟာဗျူဟာ စီမံကိန်း လက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေးက အဖွင့်အမှာစကားပြောကြား သည်။ ထို့နောက် မဟာဗျူဟာစီမံကိန်း လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ အဖွဲ့ဝင်များက မဟာဗျူဟာ စီမံကိန်း၏ နောက်ခံအကြောင်းအရာနှင့် ရေးဆွဲသည့်နည်း စနစ်များ၊ မဟာဗျူဟာ ရည်မှန်းချက် များ၊ မဟာဗျူဟာအစီအစဉ်များကို ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်သည့် အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် သုံးနှစ်တာကာလအတွင်း ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခြင်းတို့ ဆောင်ရွက်ကြသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ မဟာဗျူဟာစီမံကိန်း လက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင် ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့်ဖိတ်ကြား ထားသည့် UNDP UNICEF USAID USAID-PRLP USAID-ERA JICA နှင့် ICJ စသည့် အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် မြန်မာတရားစီရင်ရေးစနစ် တိုးတက် စေရန် ဆောင်ရွက်မည့် သုံးနှစ်တာစီမံကိန်း တစ်ရပ်ကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်တွင် ထုတ်ပြန် ခဲ့ပြီး၊ မိမိတို့၏ တရားစီရင်ရေးဆိုင်ရာ ရည်မှန်းချက်များကို အကျိုးသက်ဆိုင်သူများ အားလုံး၊ ပြည်တွင်း/ ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ သတ်မှတ်ကာလ အတွင်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်အတွက် ယခုကဲ့သို့ တရားစီရင်ရေး ဆိုင်ရာ မဟာဗျူဟာစီမံကိန်း မိတ်ဆက်ခြင်းအခမ်း အနားကို ကျင်းပခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment