နေပြည်တော် ဖေဖော်ဝါရီ ၂၄
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက်
ပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ ၁နာရီခွဲတွင် ပြည်ထောင်စုလွှတ်တော်
အစည်း အဝေးခန်းမ၌ ကျင်းပသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်၏
၂၀၁၄ခုနှစ်(ဧပြီလမှ စက်တင်ဘာလ အထိ) ဆောင်ရွက်ခဲ့သော လုပ်ငန်းဆောင်ရွက်မှု များနှင့် စပ်လျဉ်း၍
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးဇေယျာအောင်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင်
စုစုပေါင်းလုပ်ငန်း (၉၉)ခုကို ရင်းနှီးမြှုပ်နှံမှုပမာဏကို အမေရိကန်ဒေါ်လာ (၃ဒသမ ၅၈၄)ဘီလီယံခန့်ဖြင့်
ဆောင်ရွက် ရန်ခွင့်ပြုပေးခဲ့
ပါကြောင်း၊ ဆောင်ရွက်ဆဲဖြစ်သော လုပ်ငန်း(၄)ခု၏ ရင်းနှီးမြှုပ်နှံမှုပမာဏကို
အမေရိကန်ဒေါ်လာ (၉၂ ဒသမ ၇၈၆)သန်း ထပ်မံတိုးမြှင့်ခွင့်ပြုပေးခဲ့သဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏမှာ
အမေရိကန်ဒေါ်လာ (၃ဒသမ ၆၇၆) ဘီလီယံခန့်ဖြစ်ပါကြောင်း။
စိစစ်ခွင့်ပြုခဲ့သည့် လုပ်ငန်း (၉၉)ခုမှ
အကျိုးအမြတ်အနေဖြင့် အခွန်အရပ်ရပ်နှင့် မြေငှားရမ်းခများ ပုံမှန်တစ်နှစ်အတွက် အမေရိကန်ဒေါ်လာ
(၂၅ ဒသမ ၄၄၄) သန်းခန့်နှင့် ကျပ် (၂၀ ဒသမ ၂၆၆) ဘီလီယံခန့် ရရှိမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ
သားရင်းနှီးမြှုပ်နှံမှုတွင် စုစုပေါင်း လုပ်ငန်း (၂၂) ခုကို ရင်းနှီးမြှုပ်နှံမှုပမာဏ
အမေရိကန် ဒေါ်လာ (၁၁၅ ဒသမ ၅၀၁) သန်း အပါအဝင် ကျပ် (၅၈၃ဒသမ ၄၄၁) ဘီလီယံခန့်ဖြင့် ဆောင်ရွက်ရန်
ခွင့်ပြုခဲ့ပါကြောင်း၊ ဆောင်ရွက်ဆဲဖြစ်သော လုပ်ငန်း (၂)ခု၏ ရင်းနှီး မြှုပ်နှံမှုပမာဏကို
အမေရိကန်ဒေါ်လာ (၀ ဒသမ ၃၈) သန်း အပါအဝင် ကျပ် (၃ ဒသမ ၈၂၈)ဘီလီယံခန့် ထပ်မံတိုးမြှင့်ခွင့်ပြုခဲ့သဖြင့်
စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိ ကန်ဒေါ်လာ (၁၁၅ ဒသမ ၈၈၁) သန်း အပါအဝင် ကျပ်
(၅၈၇ ဒသမ ၂၆၉) ဘီလီယံ ခန့် ဖြစ်ပါကြောင်း။
စိစစ်ခွင့်ပြုခဲ့သည့် လုပ်ငန်း (၂၂)ခုမှ
အကျိုးအမြတ်အနေဖြင့် အခွန်အရပ်ရပ်နှင့် မြေငှားရမ်းခများအဖြစ် ပုံမှန်တစ်နှစ်အတွက်
အမေရိကန်ဒေါ်လာ (၀ ဒသမ ၈၉၆) သန်းနှင့် မြန်မာငွေကျပ် (၂၀ ဒသမ ၂၃၅) ဘီလီယံခန့် ရရှိမည်ဖြစ်ပါကြောင်း၊
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအပေါ် သုံးသပ်ကြည့်မည်ဆိုပါက ပို့ဆောင် ဆက်သွယ်ရေးကဏ္ဍ
သည် ၃၆ ဒသမ ၈၃ ရာခိုင်နှုန်းဖြင့် ပထမ၊ စွမ်းအင်ကဏ္ဍသည် ၂၁ ဒသမ ၉၀ ရာခိုင် နှုန်း ဒုတိယနှင့်
အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍသည် ၁၆ ဒသမ ၉၅ ရာခိုင်နှုန်းဖြင့် တတိယ နေရာတွင်လည်းကောင်း၊
နိုင်ငံသားရင်းနှီးမြှုပ်နှံမှုများအပေါ် သုံးသပ်ကြည့်မည်ဆိုပါက အိမ်ရာ အဆောက် အအုံတည်ဆောက်
ဖွံ့ဖြိုးမှုကဏ္ဍသည် ၇၉ ဒသမ ၇၅ ရာခိုင်နှုန်းဖြင့် ပထမ၊ ဆောက်လုပ်ရေးကဏ္ဍသည် ၉ ဒသမ ၂၉ ရာခိုင်
နှုန်းဖြင့် ဒုတိယ၊ စက်မှုကဏ္ဍသည် ၄ ဒသမ ၈၁ ရာခိုင်နှုန်းဖြင့် တတိယနေရာ တွင်လည်းကောင်း
စိစစ်တွေ့ရှိရပါကြောင်း။
မြန်မာနိုင်ငံ၏ ပြောင်းလဲလာသော နိုင်ငံရေး၊ စီးပွားရေးဖြစ်ပေါ်
တိုးတက် ပြောင်းလဲမှုများကြောင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်သော ယူနိုက်တက်ကင်းဒမ်း၊
ပြင်သစ်၊ နယ်သာလန်နှင့် ဆွီဒင်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်စီးဝင်လာသည်
ကို တွေ့ရှိရပါကြောင်း၊ ယခင်က ဝင်ရောက်ရင်းနှီးမြှုပ်နှံမှု နည်းပါးခဲ့သည့် စင်ကာပူ
နိုင်ငံ၊ ယူနိုက်တက်ကင်းဒမ်း၊ ဗီယက်နမ်၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဟောင်ကောင်နှင့်
အိန္ဒိယနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုများ များပြားလာခြင်း၊ ၁၀ နှစ်ကျော်ကာလအထိ
ရင်းနှီးမြှုပ်နှံမှုများ ရပ်တန့်နေခဲ့သည့် ကနေဒါ၊ နယ်သာလန်နှင့် လူဇင်ဘတ်နိုင်ငံတို့မှ
ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လာပါကြောင်းဖြင့် ရှင်းလင်းသည်။
ထို့နောက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏
၂၀၁၄ခုနှစ်၊ (ဧပြီလမှ စက်တင်ဘာလအထိ) ဆောင်ရွက် ခဲ့သော လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်းပြီး
ရှင်းလင်းတင်ပြချက်ကို လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။
နိုင်ငံတော်သမ္မတထံမှ ပေးပို့သော တရုတ်ပို့ကုန်သွင်းကုန်ဘဏ်(EXIM
Bank of China) မှ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ချေးယူခွင့်နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စု
အဆင့်အဖွဲ့အ စည်းဝင်များက ရှင်းလင်းသည်။
ထိုသို့ ရှင်းလင်းရာတွင် သမဝါယမဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးကျော် ဆန်း က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပို့ကုန်သွင်းကုန်ဘဏ်ထံမှ
အမေရိကန် ဒေါ်လာ သန်း (၃၀၀)ချေးယူပြီး အသေးစားအရင်း အနှီးချေးငွေ ထုတ်ပေးခြင်း၊ လယ်ယာသုံး၊
လုပ်ငန်းသုံးနှင့် ရေလုပ်ငန်းသုံးပစ္စည်းများ အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချပေးခြင်း၊
သမဝါယမအသင်းများအဆင့်မြှင့်တင်ခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံတွင် ကျေးရွာပေါင်း(၆၃၉၈၃)
ရွာရှိပြီး အသေးစားအရင်းအနှီးချေးငွေ လုပ်ငန်းသည် ကျေးရွာပေါင်း (၂၃၄၅၁) ကိုသာ လွှမ်းခြုံနိုင်သည့်အတွက်
ကျန်ကျေးရွာ ပေါင်း (၄၀၄၄၂) ရွာအတွက် လိုအပ်နေပါကြောင်း၊ ယခုချေးပေးနေသည့် ပမာဏသည်
တစ်အိမ်ထောက်လျှင် ပျမ်းမျှ (၁)သိန်းခန့်သာ ချေးပေးနိုင်သည့်အတွက် အသေးစား အရင်းအနှီးချေးငွေလုပ်ငန်း၏
ရည်မှန်းချက်အောင်မြင်ရန် အားနည်းနေပါကြောင်း၊ ပြည်သူများ၏ လုပ်ငန်းများကိုစိစစ်ပြီး
တစ်အိမ်ထောင်လျှင် (၁)သိန်းမှ (၅)သိန်းခန့် အထိ တိုးမြှင့်ချေးနိုင်မှသာ ပိုမိုထိရောက်အောင်မြင်မည်ဟု
ယူဆရပါကြောင်း။
တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာသန်း (၃၀၀)ကို
အသေးစားနှင့် အရင်းအနှီး ချေးငွေမရရှိသေးသည့် အသင်းသားပြည်သူများသို့ ထုတ်ချေးရန်အတွက်
ဒေါ်လာသန်း (၂၂၀)၊ ချေးငွေရရှိပြီးသူများအတွက် ချေးငွေကျပ် (၁)သိန်းမှ (၅)သိန်းအထိ တိုးမြှင့်
ပေးရန်အတွက် ဒေါ်လာသန်း (၅၀)၊ ဈေးကွက်အတွင်းရှိ လယ်ယာသုံး ပစ္စည်းများကို လယ်သမားများက
ကြိုက်နှစ်သက်ဝယ်ယူမှုအပေါ် အရစ်ကျငွေချေစနစ်ဖြင့် ကြားခံ ဆောင်ရွက်ရန်အတွက် ဒေါ်လာသန်း
(၃၀)နှင့်အထက် သုံးစွဲသွားရန် လျာထားပါ ကြောင်း။
ထို့သို့ အသေးစားအရင်းအနှီးချေးငွေလုပ်ငန်း၊
လယ်ယာသုံး၊ လုပ်ငန်းသုံး၊ ရေလုပ်ငန်းသုံး စက်ပစ္စည်း ကိရိယာ များ အရစ်ကျငွေချေစနစ်ဖြင့်
ရောင်းချပေးခြင်း လုပ်ငန်း၊ သမဝါယမအသင်းများ အဆင့်မြှင့် တင်ခြင်း လုပ်ငန်းတို့ကို
တစ်နိုင်ငံလုံး ကျယ်ပြန့်ထိရောက်အောင် ဆောင်ရွက်လာနိုင်သည်နှင့်အမျှ ကျေးလက်ဒေသ ဖွံ့ဖြိုး
တိုးတက်မှု၊ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု၊ လယ်ယာထုတ်ကုန် တိုးပွားပြီး
တိုင်းပြည် စီးပွားဖွံ့ဖြိုးတိုးတက်မှုတို့ကို မလွဲမသွေရရှိလာမည်ဖြစ်ပါကြောင်း၊ ယင်းသို့ရရှိလာသည်
နှင့်အမျှ နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သည့် ၂၀၁၅ခုနှစ်တွင် ဆင်းရဲမှုကို (၂၆) ရာခိုင်နှုန်းမှ
(၁၆) ရာခိုင်နှုန်း အထိ လျော့ချနိုင်ရေး၊ ကုလသမဂ္ဂ၏ ထောင်စုနှစ် ရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရေးတို့ကိုလည်း
များစွာ အထောက်အကူပြုလာနိုင်မည်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းသည်။
No comments:
Post a Comment