Wednesday, February 25, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကူဝိတ်အမျိုးသားနေ့ သဝဏ်လွှာများပေးပို့



နေပြည်တော်  ဖေဖော်ဝါရီ  ၂၅
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကျရောက်သော ကူဝိတ်နိုင်ငံ၏ အမျိုးသားနေ့တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ကူဝိတ်နိုင်ငံ၊ ဘုရင်ရှိတ်ခ် ဆာဘား အယ်လ် အာမက် အယ်လ် ဂျာဘား အယ်လ် ဆာဘား ထံသို့ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။

အလားတူ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကျရောက်သော ကူဝိတ်နိုင်ငံ၏ အမျိုးသားနေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ကူဝိတ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ခ် ဂျာဘား အယ်လ် မူဘာရက် အယ်လ် ဟာမက် အယ်လ် ဆာဘား ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။

No comments:

Post a Comment