ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ဘင်္ဂလားဒေ့ရှ်သမ္မတနိုင်ငံဝန်ကြီးချုပ်၏
စွမ်းအင် ဆိုင်ရာအကြံပေး မစ္စတာ ဒေါက်တာ တောဖစ် အီ အီလာဟီ ချော်ဒရီ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား
ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌
လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နေစွမ်းအင်၊ ရေစွမ်းအင်၊လျှပ်စစ်စွမ်းအင်နှင့်
ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ဆိုင်ရာကဏ္ဍများ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား
ရင်းနှီးပွင့် လင်းစွာဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ ဒုတိယ၀န်ကြီး
ဦးတင်ဦးလွင်၊ ဦးမော်သာထွေး၊ ဦးအောင်ထူး တို့တက်ရောက်ကြပြီး ဘင်္ဂလေားဒေ့ရှ်သမ္မတနိုင်ငံ
ဝန်ကြီးချုပ်၏ စွမ်းအင်ဆိုင်ရာအကြံပေးနှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်
သံအမတ်ကြီး မိုဟာမက် ဆူဖီရာ ရာမာ လည်းတက်ရောက်သည်။
No comments:
Post a Comment