Home

Tuesday, February 3, 2015

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဘင်္ဂလားဒေ့ရှ်သမ္မတနိုင်ငံဝန်ကြီးချုပ်၏ စွမ်းအင်ဆိုင်ရာ အကြံပေး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ 
ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ဘင်္ဂလားဒေ့ရှ်သမ္မတနိုင်ငံဝန်ကြီးချုပ်၏ စွမ်းအင် ဆိုင်ရာအကြံပေး မစ္စတာ ဒေါက်တာ တောဖစ် အီ အီလာဟီ ချော်ဒရီ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


ထိုသို့တွေ့ဆုံစဉ် နေစွမ်းအင်၊ ရေစွမ်းအင်၊လျှပ်စစ်စွမ်းအင်နှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ဆိုင်ရာကဏ္ဍများ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့် လင်းစွာဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်၊ ဦးမော်သာထွေး၊ ဦးအောင်ထူး တို့တက်ရောက်ကြပြီး ဘင်္ဂလေားဒေ့ရှ်သမ္မတနိုင်ငံ ၀န်ကြီးချုပ်၏ စွမ်းအင်ဆိုင်ရာအကြံပေးနှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး မိုဟာမက် ဆူဖီရာ ရာမာ လည်းတက်ရောက်သည်။  

No comments:

Post a Comment