Tuesday, February 24, 2015

ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း နော်ဝေပါလီမန် စီးပွားရေး လုပ်ငန်းနှင့် စက်မှုလုပ်ငန်းဆိုင်ရာ အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံ တွေ့ဆုံ




နေပြည်တော် ဖေဖော်ဝါရီ ၂၃
 
ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် နော်ဝေပါလီမန် စီးပွားရေး လုပ်ငန်းနှင့် စက်မှုလုပ်ငန်းဆိုင်ရာ အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ Mr.Geir Pollestad ဦးဆောင်သော ကိုယ်စား လှယ် အဖွဲ့အား ယနေ့ညနေ (၄)နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော် နာယကနှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသော ဦးမောင်မောင်သိမ်း၊ ဦးလှမြင့်ဦးနှင့် ဦးဌေးမြင့်၊ ကော်မတီ အတွင်းရေးမှူး ဒေါ်ဒွဲဘူ၊ ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာဝင်းမြင့်၊ ဦးဝင်းဦး၊ ဒေါ်ခင်သန်းမြင့်၊ ဒေါ်ခင်စောဝေ၊ ဒေါ်မိမြင့်သန်း၊ ပြည်ထောင်စု လွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ကော်မတီဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး H.E.Ms. Ann Ollestad လည်း တက်ရောက်ခဲ့သည်။

No comments:

Post a Comment