Tuesday, February 24, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အက်စတိုးနီးယားနိုင်ငံ လွတ်လပ်ရေးနေ့ သဝဏ်လွှာများ ပေးပို့

နေပြည်တော် ဖေဖော်ဝါရီ ၂၄ 
 
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျရောက်သော အက်စတိုးနီးယား သမ္မတနိုင်ငံ၏ လွတ်လပ်ရေးနေ့ အခါသမယ၌ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ အက်စတိုးနီးယား သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုမာ့ခ် ဟင်းဒရစ်ခ် အီဗက်ခ် ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။

အလားတူ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျရောက်သော အက်စတိုးနီးယား သမ္မတနိုင်ငံ၏ လွတ်လပ်ရေးနေ့ အခါသမယ ၌ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ အက်စတိုးနီးယား သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ တာဗီ ရိုင်ဗာစ်ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။

No comments:

Post a Comment