ဟားခါး ဖေဖော်ဝါရီ ၉
ကျေးလက်နှင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှု ကွာဟမှုမရှိစေရေးနှင့်
ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်စေရေးတို့ကို ရည်ရွယ်လျက် လယ်ယာကဏ္ဍ မြှင့်တင်ရေးနှင့်
တောင်သူလယ်သမားများ၏ လူမှုစီးပွားဘ၀ မြင့်မားရေး တွေ့ဆုံပွဲအခမ်းအနားကို ဖေဖော်ဝါရီ
၉ ရက် နံနက် ၉ နာရီက ဟားခါးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အဆိုပါ တွေ့ဆုံပွဲအခမ်းအနားကို လယ်ယာကဏ္ဍ မြှင့်တင်ရေးနှင့်
တောင်သူလယ်သမားများ၏ လူမှုစီးပွားဘ၀ မြှင့်တင် အကောင်အထည်ဖော်ရေး၊ ချင်းပြည်နယ်တာဝန်ခံ
သမ၀ါယမ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဆန်းနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်းတို့က
အမှာစကား ပြောကြားကြပြီး တက်ရောက်လာ ကြသော တောင်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက
လယ်ယာကဏ္ဍမြှင့်တင်ရေးနှင့် တောင်သူလယ်သမား များ၏ လူမှုစီးပွားဘ၀မြှင့်တင်ရေး အတွက် မိမိတို့သိရှိလိုသည့်
လယ်ယာကဏ္ဍဆိုင်ရာ ချေးငွေကိစ္စရပ်များကို ဆွေးနွေး တင်ပြကြသည်။
ထို့နောက် ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍
မွေးမြူရေး၊ ရေလုပ်ငနးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးဦးတင်ငွေက
အကျယ်တ၀င့် ရှင်းလင်းတင်ပြကာ ပြည်ထောင်စုဝန်ကြီးက ပြန်လည် ဖြည့်စွက်လမ်းညွှန် မှာကြားသည်။
ဆက်လက်၍ ချင်းပြည်နယ်အတွက် လှူဒါန်းသော SKY NET စက် အစုံ(၅၀)နှင့် မြန်မာနိုင်ငံ စာကြည့်တိုက်များ
ဖောင်ဒေးရှင်းမှ စာကြည့်တိုက်(၃)တိုက်အတွက် လှူဒါန်းသော ငွေကျပ်သိန်း(၆၀)တို့ကို ပြည်ထောင်စု
ဝန်ကြီးက ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လူမှုရေး ၀န်ကြီးဒေါက်တာဘမောင်တို့က
အသီးသီး လက်ခံရယူကြသည်။



No comments:
Post a Comment