ရန်ကုန်မြို့ကို စီးပွားရေးမြို့တော်အဖြစ်
အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြို့တွင် လမ်းတံတားများ
အသစ်တည်ဆောက်ခြင်း၊ ပြုပြင်ခြင်း၊ ချဲ့ထွင်ခြင်းစသည့်လုပ်ငန်းများ ဆောင်ရွက်ရေးအတွက်
၂၀၁၄-၂၀၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်ကာလအတွင်းငွေကျပ် ၅၅ ဘီလီယံ အကုန် အကျခံ ဆောင်ရွက်သွားမည်ဖြစ်သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
အင်ဂျင်နီယာဌာန (လမ်း၊ တံတား) အနေဖြင့်
မြို့တွင်းရှိ တောင်နှင့်မြောက် သွယ်တန်းထားသော
လမ်းများတိုးချဲ့ခြင်း လုပ်ငန်းများကိုလည်း တိုးတက်များပြားလာ သောမော်တော်ယာဉ်များ မောင်းနှင်မှု အဆင်ပြေစေရန် ဆောင်ရွက်သွားမည်ဖြစ်သည်။
ထိုသို့လမ်းများကို တိုးချဲ့တည်ဆောက်မှုများ
ပြုလုပ်မည့်အပြင် ကားလမ်းတစ်ဖက်တစ်ချက်ရှိ ပလက် ဖောင်းများကိုလည်း ပြုပြင်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ ခရီးလမ်းများကို ပြုပြင်မှု အဆင့်မြှင့်တင်မှု ပြုလုပ်မည် ဖြစ်သည်။ ရန်ကုန်မြို့တွင်း လမ်း၊ တံတားများကိုစစ်ဆေးပြီး
ပြုပြင်မှုများဆောင်ရွက်လျက်ရှိပြီး စင်္ကြံများ၊
ပလက်ဖောင်းများနှင့် ရေမြောင်းဖုံးများကိုလည်း ပြုပြင်မှုများပြုလုပ်မည်ဖြစ်သည်။
ဒဂုံမြို့သစ် မြောက်ပိုင်းနှင့် တောင်ပိုင်းကို
ဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းမ၏ အရှေ့ဘက် ကားလမ်းများ ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့အတူ ၂၀၁၃-၂၀၁၄ဘဏ္ဍာရေးနှစ်
ကာလအတွင်း ရန်ကုန်မြို့တွင်း၌ ခုံးကျော်တံတား တည်ဆောက် ခြင်း၊ လမ်းများတိုးချဲ့ခြင်း၊
ပြုပြင်ထိန်းသိမ်းခြင်း စသည့်လုပ်ငန်းများအတွက် ငွေကျပ် ဘီလီယံ ၄၀ လျာထားခဲ့သော်လည်း ငွေကျပ် ၃၈ ဒသမ ၆၅ဘီလီယံသာကုန်ကျခဲ့သည်။ ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာ ရေးနှစ်ကာလအတွင်း ရန်ကုန်မြို့တွင်းလမ်းများ တိုးတက်ကောင်းမွန်ရန်နှင့်
တံတားများပြုပြင်ရန်၊ စင်္ကြံနှင့် ပလက်ဖောင်းများပြုလုပ်ရန်
ဆောင်ရွက်မည်ဖြစ်သည်။
No comments:
Post a Comment