နေပြည်တော်
ဩဂုတ် ၂
ဇွန် ၂၈ ရက်က ပျဉ်းမနားမြို့မရဲစခန်းသို့
အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခံခဲ့ရကြောင်း လီဆယ် တိုင်တန်းခဲ့သဖြင့် အမျိုးသားနှစ်ဦး၊
အမျိုးသမီးနှစ်ဦး ပေါင်းလေးဦးအားလည်းကောင်း၊ အလားတူ မေ ၂၁ ရက်က ပြင်ဦးလွင်မြို့မရဲစခန်းသို့
မုဒိမ်းမှုပြုကျင့်ကြောင်း လီဆယ်တိုင်တန်းခဲ့သဖြင့် အမျိုးသမီး သုံးဦးတို့အား လည်းကောင်း
သက်ဆိုင်ရာမြို့မရဲစခန်းများက ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။
အဆိုပါ ဖြစ်စဉ်အပေါ် အကြောင်းပြု၍ မန္တလေးမြို့၌
ရုန်းရင်းဆန်ခတ်မှုများကြောင့် အရေးယူ ဆောင်ရွက်မှု အနေဖြင့် လူသတ်မှုနှစ်မှုမှ ဖမ်းဆီးရမိသူ
၁၄ ဦး၊ ထွက်ပြေးသူ ရှစ်ဦး၊ နာကျင်စေမှု လေးမှုမှဖမ်းဆီးရမိသူ ရှစ်ဦး၊ ထွက်ပြေးသူ ၂၈ ဦး၊
လက်နက်မှု ခြောက်မှုမှ ဖမ်းဆီးရမိသူ ခုနစ်ဦး၊ မီးရှို့မှုတစ်မှုမှ ဖမ်းဆီးရမိသူ ၁၅ ဦး၊ ကျန်
အခြားမှုများဖြစ်သည့် အဆောက်အအုံဖျက်ဆီးမှု၊ ရုန်းရင်းဆန်ခတ်မှုနှင့် ငြိမ်ဝပ်ပိပြားရေး
ပျက်ပြားအောင် သွေးထိုးလှုံ့ဆော်မှု သုံးမှုမှ ဖမ်းဆီးရမိသူ ၁၁ ဦးနှင့် ရဲအက် ၃၅(ဃ)ဖြင့်
သုံးမှုမှ ဖမ်းဆီး ရမိသူ သုံးဦးရှိပြီး စုစုပေါင်း၁၉ မှု ဖြစ်ပွားခဲ့၍ ဖမ်းဆီးရမိသူ နှစ်ဦးမှာ
ပြစ်မှု နှစ်ခုတွင် ပါဝင်ကျူးလွန်ခဲ့သဖြင့် စုစုပေါင်း ဖမ်းဆီးရမိသူ ၅၆ ဦးနှင့် တိမ်းရှောင်ထွက်ပြေးသူ
၃၆ ဦးတို့အား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အထက်ပါ ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သဖြင့်
မန္တလေးမြို့အတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ရရှိရန်နှင့် ဆူပူရုန်းရင်းဆန်ခတ်မှုများကို
ထိန်းသိမ်းနိုင်ရန်အတွက် ဇူလိုင် ၃ ရက်က ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရာ
ဩဂုတ် ၁ ရက်အထိ ထုတ်ပြန်ထားသောအမိန့်ကို ချိုးဖောက်သဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ
၁၈၈ အရ အရေးယူခဲ့ရသောအမှု ၅၀၉ မှုမှ အမျိုးသား ၁၂၇၈၊ အမျိုးသမီး ၄၇ ဦး စုစုပေါင်း ၁၃၂၅
ဦးရှိကြောင်း၊ ၎င်းတို့အနက် ပညာပေး၍ ပြန်လည်စေလွှတ်သူ ၁၅၇ ဦး၊ ရဲစခန်း ခံဝန် ၂၅ ဦး၊ တရားရုံး
ခံဝန် ၉၈ ဦး၊ ထောင်ဒဏ် ၇ ရက်ချမှတ်ခြင်းခံရသူ ၉၀၅ ဦး၊ ၁၅ ရက်ထောင်ဒဏ် ၈၀၊ သုံးလထောင်ဒဏ်
သုံးဦး၊ ဒဏ်ငွေ ၂၀၀ ဖြင့် ၁၁ ဦး၊ တရားခံပြေး ကြေညာထားသူ လေးဦးနှင့် အရေး ယူဆောင်ရွက်ဆဲ
၄၂ ဦး စုစုပေါင်း ၁၃၂၅ ဦးတို့အား အရေးယူဆောင်ရွက်ခဲ့ကြောင်း
သိရသည်။
သို့ဖြစ်၍ မန္တလေးမြို့၌ ဖြစ်ပွားခဲ့သော
ပဋိပက္ခဖြစ်ပေါ်စေသည့် လီဆယ်တိုင်တန်းမှုများ၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို
ပျက်ပြားစေသည့် ဆူပူအကြမ်းဖက်မှုများနှင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော
တားမြစ်အမိန့်ကို ချိုးဖောက်မှုများအားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများပြုလုပ်ခဲ့ရာ
ဩဂုတ် ၁ ရက်အထိ စုစုပေါင်းအမှု ၅၃၀၊ အမျိုးသား ၁၃၇၂ ဦး၊ အမျိုးသမီး ၅၂ ဦး စုစုပေါင်း
၁၄၂၄ ဦးတို့ကို အရေးယူခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရ ရှိသည်။
No comments:
Post a Comment