ညောင်ဦး
သြဂုတ် ၂
မွေမြူရေးဆိုင်ရာ အမှတ်(၂) ရေဆင်းဆေးတက္ကသိုလ်မှ နောက်ဆုံးနှစ်
ကျောင်းသားကျောင်းသူများ သည် ပုဂံ/ညောင်ဦးဒေသ သို့ လာရောက်ပြီး ဒေသန္တရ ဗဟုသုတများ
ကွင်းဆင်းလေ့လာရန်နှင့် ကျေးရွာများသို့ သွားရောက်ပြီး
မွေးမြူရေးဆိုင်ရာ လုပ်ငန်းများတွင် အခမဲ့
ကုသပေးမည်ဖြစ်ရာ ဇူလိုင် ၃၁ ရက်၊ နံနက် ၈ နာရီ အချိန်က ညောင်ဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
အနော်ရထာခန်းမ၌ အဆိုပါ ကျောင်းသား ကျောင်းသူ များနှင့် ကြိုဆိုတွေ့ဆုံပွဲ အခမ်းအနား ကျင်းပပြုလုပ် ခဲ့ကြောင်း
သိရသည်။
အခမ်းအနားတွင် ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ထူးမောင်က အဖွင့်အမှာစကား ပြောကြားပြီး၊
ကျေးလက်နေပြည်သူများကို ကြိုတင်ကာကွယ်ရေး နည်းလမ်းများ ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် ရေဆင်း အမှတ်(၂)
ဆေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဦးရဲထွဋ် အောင်(သင်ကြားရေး) က ညောင်ဦးမြို့နယ်အတွင်း ကွင်းဆင်းလေ့လာမည့်
ရည်ရွယ်ချက်များကို ရှင်းလင်းပြော ကြားပြီး
၊ ရေဆင်း အမှတ်(၂) ဆေးတက္ကသိုလ်မှ (ဆေးခန်းဆိုင်ရာပညာရပ်များအသင်းဥက္ကဌ)၊ ပါမောက္ခ ဒေါက်တာ အောင်အောင်က အခမ်းအနားသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ အား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါ
ကွင်းဆင်းလေ့လာသည့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ အဖွဲ့သည်
စုစုပေါင်းအင်အား (၂၅၀) ဦးခန့်ရှိပြီး
အမှတ်(၂) ဆေးတက္ကသိုလ်မှ ဆရာတစ်ဦး၊ ဆရာမတစ်ဦးတို့ လိုက်ပါကြီးကြပ်ပြီး အဖွဲ့တစ်ဖွဲ့လျှင် ကျောင်းသား/ကျောင်းသူ(၂၅)
ယောက်နှုန်းခွဲ၍ ညောင်ဦးမြို့နယ်အတွင်းမှ ကျေးရွာအုပ်စုများဖြစ်သည့် ကုန်းတန်းကြီးအုပ်စု၊ တူရွင်းတိုင်အုပ်စု၊ ညောင်တိုအုပ်စု၊ ကူရွာအုပ်စု၊ နပ္ပလင် အုပ်စု၊ တောင်ဘအုပ်စု၊ ဂန့်ဂါအုပ်စု၊ တောင်ဇင်းအုပ်စု၊ ဝါခင်းကြီးအုပ်စုနှင့် မြေနဲအုပ်စုများသို့ သွားရောက်ပြီး ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၂ ရက်နေ့အထိ
အခမဲ့ ကွင်းဆင်းကုသပေးမည်ဖြစ်ကြောင်း၊ အဆိုပါ ကွင်းဆင်းကုသမှုအဖွဲ့အား ညောင်ဦးခရိုင်/မြို့နယ်တို့မှ
တိ/မွေးကု ဝန်ထမ်းများက လိုအပ်သည့်အကူအညီများ
ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း
သိရသည်။
No comments:
Post a Comment