၁။ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ကမ္ဘာလှည့်ခရီးသည်များအပါအဝင်
မြန်မာနိုင်ငံ အတွင်း သို့ တရားဝင် ဝင်ရောက်ကြမည့် နိုင်ငံခြားခရီးသည် များ ပြည်ဝင်ခွင့်
ကိစ္စအား ပိုမို ချောမွေ့လျှင်မြန် လွယ်ကူစေရေးအတွက် e Visa စနစ်ကို
အကောင်အထည် ဖော်ဆောင်ရွက်လိုပါသဖြင့် လုပ်ငန်းလက်ခံဆောင်ရွက်လိုသော
ပြည်ပ တရားဝင်ကုမ္ပဏီ ကျောထောက်နောက်ခံ ရှိသည့် နည်းပညာဆိုင်ရာ ကုမ္ပဏီများသည် ၂၇-၆-၂၀၁၄
ရက်မှ ၁၆-၇-၂၀၁၄ ရက်အထိ သိရှိလိုက်နာ ဆောင်ရွက်ရမည့် အသေးစိတ် အချက်အလက်များအား လူဝင်မှု
ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ စီမံနှင့် ဘဏ္ဍာဌာနခွဲ၊ စီမံခန့်ခွဲရေးဌာနစု
(၁) ၊ ရုံးအမှတ် (၄၈) ၊ နေပြည်တော်တွင် လာရောက်ထုတ်ယူနိုင်ပြီး ၁၆-၇-၂၀၁၄ ရက် ၁၆:၃၀
နာရီနောက်ဆုံးထား၍ “ညွှန်ကြားရေးမှူးချုပ်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်
ရေးဦးစီးဌာန၊ ရုံးအမှတ် (၄၈) နေပြည်တော်” ဟု လိပ်မူလျက် လူဝင်မှု ကြီးကြပ်ရေးနှင့်
အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ စီမံနှင့် ဘဏ္ဍာဌာနခွဲ၊ စီမံခန့်ခွဲရေးဌာနစု (၁) ၊
ရုံးအမှတ် (၄၈) သို့ ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများအား (အိပ်ဖွင့် တင်ပြလွှာ) ဖြင့်
တင်ပြနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။
၂။ မေးမြန်းစုံစမ်းလိုပါက ညွှန်ကြားရေးမှူး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် နိုင်ငံသားဌာနခွဲ၊
တယ်လီဖုန်းအမှတ် ၀၆၇-၄၃၁၀၃၆၊ ၀၆၇-၄၃၁၀၃၇ နှင့် စီမံဘဏ္ဍာဌာနခွဲ၊ စီမံခန့်ခွဲရေးဌာနစု
(၁) တယ်လီဖုန်းအမှတ် ၀၆၇-၄၃၁၀၂၇ တို့တွင် ရုံးချိန်အတွင်း စုံစမ်းနိုင်ပါသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
No comments:
Post a Comment