ရန်ကုန်
ဇွန် ၂၆
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် တိုင်ကြားစာများ ရောက်ရှိမှုအပေါ် သက်ဆိုင်ရာ ဌာနများ၊ လူပုဂ္ဂိုလ်များက ဖြေရှင်းဆောင်ရွက်ပေး ခဲ့ရာ၊ ဖြေရှင်းပြီးကြောင်း တရားဝင်ပြန်လည် အကြောင်းကြားမှု ၇၀၀ ကျော်ရှိသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင် တိုင်ကြားစာဌာနမှ သိရသည်။
“တိုင်ကြားလာတဲ့စာတွေကို အမှန်တကယ်ချိုးဖောက်ခံရမှုရှိ၊ မရှိစစ်ဆေးပြီး သက်ဆိုင်ရာဌာနတွေ လူပု ဂ္ဂိုလ်အဖွဲ့အစည်းတွေကို အကြောင်းကြား တယ်။ သူတို့ဘက်ကဖြေရှင်းပြီးကြောင်း ပြန် အကြောင်းကြားလာတဲ့ အမှုကတော့ ၇၀၀ ကျော် လောက်ရှိသွားပြီ။ ဒါ့အပြင်သူတို့နည်းနဲ့သူတို့ ဖြေရှင်းပြီးသွားတဲ့အမှုတွေလည်း တွေ့နေရတယ်။ ဖြေရှင်းပြီးသွားပေမယ့် ဒီကိုပြန်အကြောင်းမကြား တဲ့အမှုတွေလဲ ရှိတယ်” ဟု တိုင်ကြားစာ ဌာနမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော် မရှင်သို့ တိုင်ကြားမှုများမှာ ၂၀၁၁ ခုနှစ် မေ ၉ ရက်မှ ၂၀၁၄ ခုနှစ် မေအထိတိုင်ကြားမှု ၅၈၉၃ မှုရှိခဲ့ပြီး အဆိုပါတိုင်ကြားမှုများတွင် အမှန်တကယ် လူ့အခွင့် အရေး ချိုးဖောက်ခံရမှုများမဟုတ်ဘဲ အချို့အမှုများတွင် ပုဂ္ဂိုလ်ရေးတိုင်ကြားမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှု မမြောက် သည့်အမှုများလည်း ပါဝင်ကြောင်း ၎င်းက ထပ်မံရှင်းပြသည်။
၂၀၁၃ ခုနှစ်တွင် လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားမှု ၁၉၉၀ မှုရှိခဲ့ပြီး အစိုးရအဖွဲ့သို့တိုင် ကြားမှု ၆၂၄ မှုနှင့်အခြားလူပုဂ္ဂိုလ်အဖွဲ့အစည်းများသို့ အကြောင်းကြားခဲ့ပြီးအမှုပေါင်း ၈၀၀ ကျော် မှာ မှတ်တမ်းအဖြစ် ထားရှိခဲ့ကြောင်း သိရသည်။ ၂၀၁၄ ခုနှစ်တွင် ဇန်နဝါရီလမှ မေလအထိ တိုင် ကြားမှု ၈၁၀ မှုရှိခဲ့သည်။ လူ့အခွင့်အရေးကော်မရှင် သို့တိုင်ကြားမှုအများဆုံးအမှုများမှာ လယ်ယာမြေ ပြဿနာများနှင့် တရားရေး ကဏ္ဍများဖြစ်ကြောင်း တိုင်ကြားစာဌာနမှ သိရသည်။ ပြည်သူများအနေဖြင့် လူ့အခွင့်အရေးချိုးဖောက် ခံရမှုများ ရှိလာပါက အမှတ် (၂၇)၊ ပြည်လမ်း၊ လှိုင်မြို့နယ်သို့ လိပ်မူ၍ လူ့အခွင့်အရေးချိုးဖောက် ခံရသည့် အကြောင်း အရာ၊ မှတ်ပုံတင်မိတ္တူနှင့်လက်မှတ်ရေးထိုး၍ လူကိုယ်တိုင်ဖြစ်စေ စာတိုက် မှဖြစ်စေ ပေးပို့တိုင်ကြားနိုင်ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ သိရသည်။
No comments:
Post a Comment