ညောင်ဦး
ဇွန် ၂၇
ကမ္ဘာလှည့်ခရီးသွားဧည်သည့်များ အများဆုံးလာရောက်လည်ပတ်သည့်
ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေဒေသတွင် ခရီးသွားဧည့်သည်များ မြို့တွင်းလှည့်လည် လည်ပတ်ရာ၌
ယခုအခါ လျှပ်စစ်စက်ဘီးများ ဌာရမ်းအသုံးပြုမှု များပြားလာသည့်အတွက် မြင်းလှည်းလုပ်ငန်းလုပ်ကိုင်သူများ
လုပ်ငန်းတွင်ကျယ်မှု နည်းပါးလာခဲ့ကြောင်း သိရသည်။
အဆိုပါ တရုတ်နိုင်ငံထုတ် လျှပ်စစ်စက်ဘီး (Electric
Bike) များကို ၂၀၁၃ခုနှစ် နှစ်ဆန်းပိုင်းမှစတင်၍ ပုဂံ-ညောင်ဦးဒေသသို့ ဝင်ရောက်လာပြီး
ယခုအခါ ဌာရမ်းလုပ်ကိုင်သူများ များပြားလာရာ ယခင် စက်ဘီး ဌားရမ်း လုပ်ကိုင်သူများသည်လည်း
လျှပ်စစ်စက်ဘီးများ တွဲဘက်ငှားရမ်းလုပ်ကိုင်လာကြသည်။ ထို့ပြင် ဟိုတယ်၊ မိုတယ်နှင့်
တည်းခိုခန်းများတွင်လည်း ဧည့်သည်များ အဆင်သင့်ဌားရမ်းနိုင်ရန်အတွက် ထားရှိ လာခဲ့ကြရာ
မြင်းလှည်းလုပ်ငန်း လုပ်ကိုင်သူများ လုပ်ငန်းတွင်ကျယ်မှု နည်းပါးလာခဲ့ခြင်းဖြစ်သည်။
ယခင်က ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များသည် ပုဂံညောင်ဦးဒေသသို့ရောက်ရှိလျှင် ဒေသတွင်းရှိ
သပ်ရပ်ခန့်ညားစွာပြင်ဆင်ထားသော မြင်းလှည်းများဖြင့် လည်ပတ်ရခြင်းကိုနှစ်သက်ကြရာ ယခုအခါ
လျှပ်စစ်စက်ဘီးများဖြင့် သာလည်ပတ်နေသည်ကို မြင်နေရသည့်အနေအထားဖြစ်လာခဲ့ကြောင်း၊ မြင်းလှည်း
အမှန်တကယ်အသုံးပြုလိုသည့် ဧည့်သည်များသာလျှင် မြင်းလှည်းဌားရမ်းအသုံးပြုနေကြကြောင်း
သိရသည်။
No comments:
Post a Comment