ကျီခါး
ဇွန် ၂၆
ချင်းပြည်နယ်၊ ဖလမ်းခရိုင် ကျီခါးမြို့နယ်ခွဲ
တွီးမန်ကျေးရွာ ဘဝသစ်စာကြည့်တိုက် အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်း အနားကို ဇွန် ၂၄ ရက်
နံနက် ၁ဝ နာရီက အဆိုပါစာကြည့်တိုက်ရှေ့၌ ကျင်းပရာ ကျီခါးမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး
ဦးမင်းမင်းစိုး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျီခါးမြို့နယ်ခွဲဦးစီးမှူး
ဦးကျင်ဇာခမ်၊ ကျေးရွာစာကြည့် တိုက် ကော်မတီဥက္ကဋ္ဌ ဦးဒိုင်းငိုက်လျန်းတို့က ဖဲကြိုးဖြတ်
ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် ဌာနဆိုင်ရာများ၏ လှူဒါန်းငွေကျပ်
၄၂၀၀၀/ိ-နှင့် စာအုပ်စာစောင် (၈၁) အုပ်ကိုလည်းကောင်း၊ ဒေသခံ ကျေးရွာ ပြည်သူများက ဗီရို(၁)လုံး၊
စားပွဲ(၃)လုံး၊ ထိုင်ခုံ(၁၀)လုံးကို လည်းကောင်း လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
အဆိုပါစာကြည့်တိုက်မှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်
မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ ထောက်ပံ့ငွေ ကျပ်(၁၀)သိန်း၊ ဒေသခံပြည်သူများ
ထည့်ဝင်ငွေ ကျပ်(၁၀)သိန်း၊ စုစုပေါင်းကျပ်(၂၀)သိန်း ကုန်ကျခံ ဆောက်လုပ် ခဲ့ခြင်း ဖြစ်ပြီး
အလျား ၂၄ ပေ၊ အနံ ၁၄ ပေ၊ အမြင့် ၉ ပေရှိ သွပ်မိုး၊ ပျဉ်ခင်း၊ အလူမီနီယံကာ တစ်ထပ် အဆောက်
အအုံ ဖြစ်ကြောင်းသိရသည်။
No comments:
Post a Comment