ဟားခါး ဇွန် ၂၆
၂၀၁၄-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး
အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့
နံနက် ၉ နာရီက ဟားခါးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့
ပြည်နယ်ဝန်ကြီးချုပ်ဦးဟုန်းငိုင်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေး
ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုထံမှ ပေးပို့သောသ၀ဏ်လွှာကို
ချင်း ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့
ဒုတိယ ဥက္ကဋ္ဌ ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူးရဲမှူးကြီး မြင့်လွင်က ဖတ်ကြားသည်။
ထို့နောက် ၂၀၁၃-၂၀၁၄ ခုနှစ်၊ တွန်းဇန်မြို့နယ်အတွင်း
ဘိန်းခင်းများ ဖျက်ဆီးရာတွင် တက်ကြွစွာ ပါဝင်လှုပ်ရှား ခဲ့ကြသူများနှင့် ပြည်နယ်အဆင့်
ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီ ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား
ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဟောက်ခင်ခမ်းနှင့် ပြည်နယ်
တရားသူကြီးချုပ် ဦးဝင်းမြင့်ကျော်တို့က ဂုဏ်ပြု လက်မှတ်များ ပေးအပ်ချီးမြှင့် ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အဆင့်
အဖွဲ့အစည်းဝင်များနှင့် တက်ရောက်သူများက ခင်းကျင်း ပြသထားသည့် ဆုရပန်းချီ၊ ကာတွန်း၊
ပိုစတာများကို လှည့်လည်ကြည့်ရှု ခဲ့ကြသည်။
ချင်းပြည်နယ် အတွင်း ၂၀၁၃-၂၀၁၄ ဘိန်းစိုက်ရာသီတွင်
ဘိန်းခင်း ၆၈၃ . ၈၆ ဧက ဖျက်ဆီးနိုင်ခဲ့ပြီး၊ ၂၀၁၄ ခုနှစ် အတွင်း ဇွန်လ ၂၀ ရက်နေ့အထိ
ဆူဒိုအက်ဖီဒရင်း ဆေးပြား ၄၉၇၀၀၀ ပြား၊ ဘိန်းဖြူ ၀.၁ ကီလိုဂရမ်၊ ဘိန်းညိုမှုန့် ၁၀.၅ ကီလိုဂရမ်နှင့် ဆေးခြောက်
၁၀၄၃.၁၅ ကီလိုဂရမ်တို့ကို ဖော်ထုတ်ဖမ်းဆီးပြီး ဆက်စပ်တရားခံ ၁၂ ဦး အရေးယူ ဆောင်ရွက်နိုင်ခဲ့ကြောင်း
ချင်းပြည်နယ် ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
No comments:
Post a Comment