သထုံ ဇွန် ၂၆
မသန်စွမ်းသူများ၏
အခွင့်အရေး ဆိုင်ရာများကို ထဲထဲဝင်ဝင် သိရှိနားလည်ပြီး ပူးပေါင်းပါဝင် ဆောင်ရွက် လာနိုင်ရေး
အတွက် လူမှုဝန်ထမ်း ဦးစီးဌာနနှင့် The Leprosy Mission Myanmar တို့ ပူးပေါင်းကာ မသန်စွမ်း
အခွင့်အရေးနှင့် သက်ဆိုင်သော၊ မသန်စွမ်းမှုနှင့် အကျုံးဝင် ဖွံ့ဖြိုးရေး သင်တန်း ကို
ဇွန်လ ၂၆ ရက်၊ နံနက် ၉ နာရီက ကျုံးကြီးလမ်းရှိ သထုံ မသန်စွမ်းအရင်းမြစ်ဌာန၊ ကရင်နှစ်ခြင်း
အသင်းတော်ဝင်းတွင် ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင်
ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှူး ဦးကိုကိုနိုင် က အမှာစကားပြောကြားပြီး The
Leprosy Mission Myanmar မှ project Officer ဒေါ်အယ်နီ က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ၎င်းတို့ အဖွဲ့၏ မသန်စွမ်း အရေးကိစ္စများ ဆောင်ရွက်နေမှု
အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။
ယင်းသင်တန်းတွင်
မသန်စွမ်းမှု၏ အဓိပ္ပါယ်၊ မသန်စွမ်းမှုအပေါ် ထားရှိလေ့ကြသောအမြင်များ၊ မသန်စွမ်းများ လူမှု
ဝန်းကျင်အတွင်း တန်းတူရည်တူ ပါဝင်နိုင်ရေး အတွက် ဖြစ်ပေါ်နေသော အတားအဆီးများနှင့် မသန်စွမ်းသူများ
ပြန်လည် ထူထောင်ရေး လုပ်ငန်းများ တို့ကို သထုံမသန်စွမ်း အရင်းမြစ်ဌာနမှ တာဝန်ရှိ သူများနှင့်
သင်တန်းသား သင်တန်းသူ ၂၁ ဦး တို့က ၂ ရက်ကြာ အပြန်အလှန် ဆွေးနွေးညှိနိုင်း သင်ကြား
ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။



No comments:
Post a Comment