Friday, June 27, 2014

မွေးမြူရေးချေးငွေဖြင့် ဝယ်ယူဖြန့်ဖြူးသည့် ဆိတ်များ (ပခုက္ကူမြို့နယ်) တွင် ပေးအပ်



ပခုက္ကူ     ဇွန်    ၂၆
ကျေးလက်ဒေသနေ ပြည်သူများ ဆင်းရဲနွမ်းပါးမှု လျော့ချရေး အစီအစဉ်အရ တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုစေရန် ရည်ရွယ်လျှက် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပခုက္ကူမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာခင်ငယ်အောင်နှင့် ဝန်ထမ်းများသည် ဇွန် (၂၆) ရက် နေ့တွင် မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ညောင်ပင်လှကျေးရွာအုပ်စု၊ ပုတီးတွင်းကျေးရွာ၊ စုရပ်၌ ကျေးလက် ဖွံ့ဖြိုးရေးဘဏ်မှ မွေးမြူရေးချေးငွေ ဖြင့်ဝယ်ယူဖြန့်ဖြူးသော ဆိတ်များ ပေးအပ် ခဲ့ကြောင်း သိရသည်။


မွေးမြူရေးချေးငွေဖြင့် ဝယ်ယူဖြန့်ဖြူးသော ဆိတ်များပေးအပ်ရာတွင် မြို့နယ်ဦးစီးမှူး ဒေါက်တာ ခင်ငယ်အောင်က ဆိတ်များ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ကျေးရွာပြည်သူများအား ပွင့်လင်းမြင်သာစွာ ချပြ ရှင်းလင်းပြီး၊ ဆိတ် တစ်ကောင်လျှင်(၅၀၀၀၀ိ/-) နှုန်းဖြင့် ဆိတ်ကောင်ရေ (၂၄၀) အတွက် တန်ဘိုးငွေ ကျပ်သိန်း (၁၂၀)ကို ကျေးလက် အိမ်ထောင်စု (၉၀)သို့ ဖြန့်ဖြူးပေးအပ်ရန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဌေးဇော်လွင် အား ဆိတ်ကောင်ရေ (၂၄၀) အတွက် စာရင်းကတ်ပြားများ ပေးအပ်ခဲ့သည်။
"ဒီကနေ့ ပြုလုပ်တဲ့ ပွဲကတော့ ပုတီးတွင်း ရွာသူရွာသားတွေရဲ့ စားဝတ်နေရေးကို မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနက စီစဉ်ပြီး တစ်ဖက်တစ်လမ်းကနေ အထောက်အပံ့ ဖြစ်စေတဲ့ပွဲပါ။ ဒီလို ကျေးလက် ပြည်သူတွေကို မွေးမြူရေးနှင့် ကုသရေးဌာနက ဆောင်ရွက်ပေးတဲ့ အတွက်ရွာသူရွာသား အားလုံးကိုယ်စား ကျေးဇူးတင်ဝမ်းမြောက် ရပါတယ်ဟု" ကျေးရွာဖွံ့/ထောက် အဖွဲ့ဥက္ကဌ ဦးအောင်ဆန်းဝင်းက ပြောပါသည်။

No comments:

Post a Comment