ကျောက်ဆည်၊
ဇွန် -၂၆
မြန်မာနိုင်ငံ အမျိုးသမီးရေးများ အကြမ်းဖက်မှုမှ
ကာကွယ်စောင့်ရှောက်ရေး လူကုန်မူးမှုတားဆီးနှိမ်နျင်ရေး အသိပညာပေး ဟောပြောပွဲကို ဇွန်လ
(၂၅)ရက် မွန်းလွှဲ (၂)နာရီက ကျောက်ဆည်မြို့ မြင်စိုင်းခန်းမတွင် ကျင်းပခဲ့ ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏
ဇနီး ဒေါ်တင်တင်ချိုက အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေးနှင့် ပြုစုပျိုးထောင်ရေး၊
မြန်မာဆန်ဆန် ၀တ်စားဆင်ယဉ်ရေးတို့ကို ပြောကြား၍ အဖွဲ့ခွဲခေါင်ဆောင် ဒေါ်သီတာဝေက လူမှောင်ခို၊
လူကုန်ကူးမှုတားဆီးနှိမ်နှင်ရေး ဆိုင်ရာများမှ ဆောင်ရန်၊ ရှောင်ရန်များကို ပြောကြားပြီး
လူကုန်ကူးမှု တားဆီးနှိမ်နှင်ရေးရဲတပ်ဖွဲ့ တပ်စု (၁၁) မန္တလေးရှိ တပ်ဖွဲ့စုမှူး ရဲမှူးသိန်းဖေကျော်က
လူကုန်ကူးမှုသမိုင်းကြောင်း၊ လူကုန်ကူမှုတားဆီးကာကွယ်ရေး ဥပဒေအကြောင်း နှင့် လူမှောင်ခို၊
လူကုန်ကူးမှုခြားနားချက်များ ရွေ့ပြောင်းသွားလာခြင်းကြောင့် လူကုန်ကူးခံရတက်ပုံများကို
ပရိုဂျက်တာဖြင့် သရုပ်ပြ ရှင်းလင်းအသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment