ဖလမ်း
ဇွန် ၂၆
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ်
ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ဇွန်လ ၂၆ ရက်နေ့ နံနက် ၁ဝ နာရီက
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ မြို့နယ် အုပ်ချုပ်ရေးမှူး
ဦးအောင်ကိုဦးက အမှာစကားပြောကြားပြီး
မြို့နယ်စီမံကိန်းမှူး ဒေါ်နွယ်နွယ်ခိုင်က ဖလမ်းမြို့နယ်၏
စီမံကိန်းအကောင်အထည်ဖော်နိုင်မှု အခြေအနေနှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် စီမံကိန်း ရည်မှန်းချက်နှင့်
ပတ် သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက်စီမံကိန်း တာဝန်ပေးအပ်လွှာများကို မြို့နယ်အုပ်ချုပ်ရေးမှူးက
ဆိုင်ရာကဏ္ဍ အလိုက် ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊
မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ကော်မတီ (၃) ရပ်မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း
သိရသည်။
No comments:
Post a Comment