Friday, June 27, 2014

မူးယစ်ဆေးဝါးနှင့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြော

ဖယ်ခုံ ဇွန် ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး အထိမ်းအမှတ်ဟောပြောပွဲနှင့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယမန်နေ့(ဇွန် ၂၅ ရက်)နံနက် ၉ နာရီက မြို့နယ်ခန်းမဆောင်တွင် ကျင်းပသည်။


အခမ်းအနားတွင် ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးသန်းစိုးက မူးယစ်ဆေးဝါး သမိုင်းကြောင်းနှင့် မူးယစ်ဆေးဝါးနှင့်    စိတ်ကိုပြောင်းလဲသော ဆေးဝါးများအန္တရာယ် အကြောင်းကိုလည်းကောင်း၊ ဥပဒေအရာရှိ ဦးထွန်းမင်းအောင်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဥပဒေ/နည်းဥပဒေများအကြောင်းကို လည်းကောင်း၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်ဦးက မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေးခြင်းကို လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှုရုံး ဒုရဲအုပ်မျိုးညွှန့်က ယာဉ်စည်းကမ်း/ လမ်း စည်းကမ်းကို လည်းကောင်း အသီးသီး အသိပညာပေး ဟောပြောခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဖယ်ခုံမြို့ အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ/မများနှင့် ကျောင်းသူ/သားများ တက်ရောက်ကျောင်း သတင်းရရှိသည်။

No comments:

Post a Comment