Friday, June 27, 2014

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ ဓာတ်ပုံပြခန်း ပြသ

လွိုင်လင် ဇွန် ၂၆
၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး ပညာပေး ဓာတ်ပုံ ၊နံရံကပ်စာစောင်၊ ပန်းချီ ၊ပိုစတာနှင့် စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ၊လွိုင်လင်ခရိုင်ရုံး ဓာတ်ပုံပြခန်းတွင်၊ ဇွန်လ ၂၆ ရက်နေ့ နံနက် (၁၀)နာရီမှ ညနေ(၄း၃၀)နာရီထိ ခင်းကျင်းပြသထားကြောင်း သိရသည်။




အဆိုပါ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြခန်းသို့  ယနေ့နံနက်ပိုင်းနှင့်ညနေပိုင်းတွင် လွိုင်လင်မြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်း နှစ်ကျောင်းမှ အုပ်ချုပ်သူ ဆရာမများနှင့် ကျောင်းသား/သူ (၃၄၅)ဦး လာရောက်ကြည့်ရှုလေ့လာ မှတ်သားကြသည်။ ဇွန်လ ၂၇ ရက်နေ့ တွင် မြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲနှင့် အလယ်တန်းကျောင်းများမှ ဆက်လက် လာရောက်လေ့လာကြမည် ဖြစ်သည်။ ပြခန်းအား ဇွန်လ ၂၈ ရက်နေ့ အထိပြသသွားမည်ဖြစ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန မှ ဇွန်လ ၁၃ ရက်နေ့နှင့် ဇွန်လ ၂၀ ရက်နေ့များတွင် ကျေးရွာအရောက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

No comments:

Post a Comment