မြင်းခြံ
၊ ဇွန် - ၂၆
သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့်
ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို မြင်းခြံမြို့ ၊ အမှတ် (၉) ရပ်ကွက်ရုံးတွင် ဇွန်လ(၂၆)
ရက် နံနက်(၈) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သွေးလွန်တုပ်ကွေးရောဂါအကြောင်း
သိကောင်းစရာများကို မြင်းခြံခရိုင် အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်သန်းသန်းဝင်းက ပြောကြားပြီး၊
မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ရောဂါဖြစ်ပွားမှ ကုသခြင်းထက် ကြိုတင် ကာကွယ်ခြင်းက ကောင်းကြောင်းကို ဟောပြောဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးပွဲသို့ မြို့နယ်အမျိုးသမီးရေးရာ ကော်မတီဥက္ကဌ
ဒေါ်နီနီဝင်းနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်ဥက္ကဌနှင့်အဖွဲ့ဝင်များ၊
ရပ်ကွက်အထောက်အကူပြုအဖွဲ့ဝင်များ၊ ရပ်ကွက် နေပြည်သူများ တက်ရောက် ခဲ့ကြပြီး ဟောပြောပွဲအပြီးတွင်
ရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအဖြစ် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို
ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment