Friday, June 27, 2014

မိုင်းကိုင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့ အခမ်းအနားကျင်းပ

မိုင်းကိုင် ဇွန် ၂၇
ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင် ၊ဓါတ်ပုံပြပွဲ၊ ဟောပြောပွဲ  အခမ်းအနား များကို ဇွန်လ(၂၆)ရက်နေ့တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းကိုင် အ.ထ.က (မြတ်သီရိခန်းမ) တို့၌  ကျင်းပပြုလုပ်ခဲ့ပါသည်။



မူးယစ်ပညာပေး နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲကို မြို့နယ်ပြန်/ဆက်ဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်စိုး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းပန်၊ ပြန်/ဆက်ဌာန  မြို့နယ်ဦးစီးမှူး ဒေါ်နန်းလှိုင်လှိုင်ဦး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။
မူးယစ်ပညာပေး ပြခန်းကို  ဇွန်လ (၂၆) ရက်နေ့မှ ဇွန်လ(၃၀)ရက်နေ့အထိ ဌာနဆိုင်ရာများ၊ လုပ်သား ပြည်သူများ၊ ကျောင်းသား/သူများ လေ့လာကြည့်ရှု နိုင်ရန်အတွက် ခင်းကျင်းပြသထားမည်ဖြစ်ရာ  ပြခန်းကြည့် ပရိသတ်များဖြင့် စည်ကားလျှက်ရှိပါသည်။

မူးယစ်ပညာပေး ဟောပြောပွဲကို ဇွန်လ(၂၆)ရက်နေ့၊ မွန်းလွဲ(၁)နာရီတွင် အ.ထ.က (မြတ်သီရိခန်းမ)၌ ကျင်းပပြုလုပ်ခဲ့ပြီး  မိုင်းကိုင်မြို့နယ်  အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား  ပြောကြားကာ   မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ မြို့နယ်မှူး၊ ရဲတပ်ဖွဲ့ စခန်းမှူး၊ ကျန်းမာရေးဦးစီးဌာနမှူး၊ ပြန်/ဆက်ဌာန မြို့နယ်ဦးစီးမှူး တို့က အသီးသီး ပညာပေး ဟောပြောခဲ့ကြပါသည်။ အဆိုပါမူးယစ်ဆေးဝါး ပညာပေးဟောပြောပွဲအဖွဲ့သည် ဇွန်လကုန်အထိ ရပ်ကွက်/ကျေးရွာ အုပ်စုများသို့  ကွင်းဆင်း၍  မူးယစ်ပညာပေး ဟောပြောပွဲများ  ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းသိရှိရပါသည်။

No comments:

Post a Comment