Friday, June 27, 2014

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ



ကသာ     ဇွန်   ၂၆
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ကသာခရိုင်၊ ကသာမြို့အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ဇွန်(၂၆)ရက် (၁၀းဝ၀) အချိန် ကျင်းပသည်။
အခမ်းအနားတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရယ် ကာကွယ်တားဆီး ရေး ခရိုင်ကော်မတီ ဥက္ကဌ၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးကျော်ကျော်အုန်း အမှာစကားပြောကြားပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးမြင့်က ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုမှ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်

ထို့နောက် ခရိုင်ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာ သော်ဇင်ထွန်းက မူးယစ်ဆေးဝါးအစာထိုး မက်သက်တုံး တိုက်ကျွေးမှု အခြေအနေနှင့် မြို့နယ်တရားသူကြီး ဦးတင်မြက မူးယစ်ဆေးဝါးပြစ်မူနှင့် ပြစ်ဒဏ်များဟောပြောဆွေးနွေးခဲ့သည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် ရောင်းဝယ်ရေးတိုက်ဖျက်ရေးနှင့် အထိမ်းအမှတ် ခရိုင်အဆင့် (ထက်/လယ်/မှု) ကွန်ပျုတာပန်းချီ၊ ပန်းချီ၊ကာတွန်း၊ ပိုစတာပြိုင်ပွဲ၊ ဆုရကျောင်းသူကျောင်းသား များအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့သည်။ ထို့နောက် ဆုရကျောင်းသားကျောင်းသူများက မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌနှင့်အဖွဲ့သည် ဆုရကွန်ပျူတာပန်းချီ၊ ပန်းချီး၊ ကာတွန်း၊ ပိုစတာများနှင့် မူးယစဆေးဝါးတိုက်ဖျက်ရေး နံရံကပ်စာစောင် ဓာတ်ပုံပြပွဲများအား ကြည့်ရှုအားပေး ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment