Friday, June 27, 2014

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့်တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆိုင်ရာ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲ အခမ်းအနားကျင်းပ

လင်းခေး ဇွန်၂၆
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ် တပ်ဖွဲ့နှင့်မြို့နယ် ဥပဒေ ရုံးတို့မှပူးပေါင်း၍ ၂၀၁၄ခုနှစ်ဇွန်လ ၂၆ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဇွန် ၂၆ ရက်နံနက်(၈)နာရီက လင်းခေးမြို.၊ အခြေခံပညာ အလယ်တန်းကျောင်း (ပန်ဝေါင်) ၌  ကျင်းပပြုလုပ် ခဲ့ပါသည်။



အဆိုပါ အခမ်းအနားတွင် - ဦးစွာအခြေခံပညာ အလယ်တန်းကျောင်း (ပန်ဝေါင်)မှ ကျောင်းအုပ် ဆရာကြီးက အဖွင့်အမှာစကား ပြောကြားပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းမြင့်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနား ပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် မူးယစ်ဆေးဝါးတိုက် - ဖျက်ရေး အကြောင်း သိကောင်းစရာများအား ဆွေးနွေးဟောပြောသည်။
ဆက်လက်၍မြို့ နယ်ရဲတပ်ဖွဲ့မှဒုတိယ ရဲမှူးတင်မောင်ဆွေက မူးယစ်ဆေးဝါးအမျိုးအစားများနှင့် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး ဆောင်ရွက်ချက်များအကြောင်း ရှင်းလင်းဟောပြောခြင်း၊ မြို့နယ် ဥပဒေအရာရှိ ဦးဆန်းဝင်းက မူးယစ်ဆေး ၀ါးသုံးစွဲမှု နှင့် တရားမ၀င် ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေးနှင့် ပတ်သက်သောတည်ဆဲ ဥပဒေများအကြောင်း သိကောင်း စရာများအားရှင်းလင်းေ ဟာပြောခဲ့သည်။ ထို့နောက်ပြန်/ဆက်ဝန်ထမ်းများက မူးယစ်ဆေးဝါး အန္တရာယ်ကာကွယ် တားဆီးရေး လက်ကမ်း စာစောင်များကို ကျောင်းသား ကျောင်းသူများနှင့် တက်ရောက် လာသူများထံ ဖြန့်ဝေပေးခဲ့ကြပြီး နံနက် ၉နာရီခွဲတွင် အခမ်းအနားကိုအောင်မြင်စွာ ရုပ်သိမ်းလိုက်ပါသည်။

ယင်းနောက်- အခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် ကျောင်းသားကျောင်းသူအင်အား ၂၀၀ခန့်တို့သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လင်းခေးမြို့ နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ဆောင်ရွက်ပြသထားသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပညာပေးနံရံကပ် စာစောင်၊ ဓာတ်ပုံ၊ ပန်းချီ၊ကာတွန်းများနှင့် ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်းရှမ်းပြည်နယ် အစိုးရ၏ ဖမ်းဆီးရမိခဲ့သည့်မူး ယစ်ဆေးဝါးများအား မီးရှိုဖျက်ဆီးခြင်းဆိုင်ရာ မှတ်တမ်းပြခန်း အတွင်းသို့ လှည့်လည် ကြည့်ရှုလေ့လာကြည့်ရှုခဲ့ကြသည်။ “ကျွန်တော်တို့ကျောင်းမှာ အခုလိုကျောင်းသား ကျောင်းသူ လူငယ်တွေ အတွက် အမှန်တကယ်သိဖို့ လိုအပ်နေတဲ့ လူသားတိုင်းကို အညွန့်တုံးစေတဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုအခုလို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အထိမ်းအမှတ်နေ့မှာ ပြုလုပ်တဲ့ အခမ်းအနား ကနေ ဗဟုသုတ တွေများစွာရရှိစေတဲ့အတွက် အများကြီး ၀မ်းသာဂုဏ်ယူ မိပါတယ်။ ကျောင်းသားများသာမက လူငယ်တစ်ရပ်လုံး တစ်ကမ္ဘာလုံးမှာရှိကြတဲ့ လူသားအားလုံးဟာ ၀ိုင်းဝန်းပြီး မူးယစ်ဆေးဝါး အန္တရာယ်ကိုထာဝရ ကာကွယ်တိုက်ဖျက် သွားကြမယ်ဆိုရင် ကျနော်တို့နိုင်ငံသာမက ကမ္ဘာကြီးကလည်းမူးယစ် ကင်းစင်တဲ့ ကမ္ဘာကြီးတစ်ခုအမှန်တ ကယ်ဖြစ်လာ နိုင်မယ်လို့ ကျွန်တော်ယုံကြည် မိပါတယ်”  “ဒီကနေ့လာပြီးဆောင်ရွက် ပေးကြတဲ့ဌာန အသီးသီးနဲ့ တာဝန်ရှိသူများ အားလုံးကိုလည်း ကျေးဇူးအများကြီး တင်ရှိပါတယ်” ဟု၊ အလက(ပန်ဝေါင်)ကျောင်းအုပ် ဆရာကြီး ဦးသောင်းထွန်းဦးမှ (အဖွင့်အမှာစကား)တွင် ပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

No comments:

Post a Comment