ကျောက်ဆည်၊
ဇွန် -၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် အပြည်ပြည်ဆိုင်ရာ
မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ကျောက်ဆည်မြို့
အ.ထ.က (၂) သရဖီခန်းမဆောင်တွင် ကျင်ပကြောင်း
သိရသည်။
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်
တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့သော
သ၀ဏ်လွှာကို ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မင်းနောင်က ဖတ်ကြားသည်။ ဆက်လက်၍ ကျောက်ဆည်ဆေးရုံကြီးမှ
ဒေါက်တာနိုင်ဝင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများနှင့် ယှက်နွယ်သည့်
ရောဂါများနှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်း ပြောကြား၍ ကျောက်ဆည်ခရိုင်ဥပဒေအရာရှိ
ဦးဝင်းမြင့်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအကြောင်း
သိကောင်းစရာများ ပြောကြားပြီး မြို့နယ် ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးတင်ထွန်းက
မူးယစ်ဆေးဝါးသမိုင်းကြောင်းနှင့် နိုင်ငံတော်မှ မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ဆောင်ရွက်
ထားရှိမှုများကို ပြောကြားသည်။
ထို့နောက် မူးယစ်ဆေးဝါးဆိုင်ရာ တိုင်းအဆင့်
(ကာတွန်း၊ ပိုစတာ )ပထမဆုရရှိသူများနှင့် မြို့နယ်အဆင့် အထက်တန်းနှင့် အလယ်တန်း ပထမ၊
ဒုတိယ၊ တတိယဆုရရှိသူများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး
ဒုရဲမှူးကြီးမင်းနောင်၊ ခရိုင်ဥပဒေအရာရှိ ဦးဝင်းမြင့်တို့က ပေးအပ်ချီးမြှင့်ခဲ့ကြောင်း
သိရှိရသည်။
No comments:
Post a Comment