ရမည်းသင်း ဇွန်-၂၆
ရမည်းသင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း
အနော်ရထာခန်းမတွင် ဇွန်လ (၂၆) ရက် မွန်လွဲ(၁)နာရီခွဲက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်
တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားနှင့် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲ
ဆုချီးမြှင့်ပွဲကို ကျင်းပသည်။
ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးမှ
ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုထံမှ ပေးပို့သည့်သ၀ဏ်လွှာအား
ဖတ်ကြားပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမြင့်ဝင်းမှ မှူးယစ်ဆေးဝါးအန္တရာယ်နှင့်
စိတ်ကိုပြောင်းလဲစေသော အကြောင်းအရာများကို ဟောပြောပြီး မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း
အတွင်းရေးမှူး ဦးဇော်မင်းစိုးမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အခမ်းအနားကျင်းပရခြင်း၏
ရည်ရွယ်ချက်ကို ရှင်းလင်းသည်။ ထိုနောက်စာစီစာကုံးပြိုင်ပွဲ အထက်တန်းအဆင့်၊ အလယ်ဆန်းအဆင့်တိုတွင်
ဆုရရှိသူ(၁၁) ဦး၊ ပန်းချီပြိုင်ပွဲဆုရ(၈) ဦး၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်
တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေး အထိမ်းအမှတ် ဗဟိုဓာတ်ပုံပြိုင်ပွဲဆုရ ဦးအေးလွင် (ရွှေပန်းချီ၊
ရမည်းသင်း) တို့ကို ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်းသိရသည်။
No comments:
Post a Comment