ဘုတ်ပြင်း ၊ ဇွန် ၂၇ ရက်
တနင်္သာရီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးအောင်ကျော်ကျော်ဦးသည်
တာဝန်ရှိသူများ လိုက်ပါလျှက်အာရေဗျပင်လယ်အော်တွင် တိုက်ခတ်ခဲ့သည့် နွားနောက်(Nanauk)
မုန်တိုင်းအရှိန်ကြောင့် ဇွန်လ ၁၄ ရက် ကပင်လယ်ရေမျက်နှာပြင် မြင့်တက်လှိုင်းထန်သဖြင့်
ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ရေငံကြီး ကျေးရွာအုပ်စု၊ အညင်းဆုံကျေးရွာ၊
အုန်းတော ကမ်းကျေးရွာအုပ်စု၊ လိပ်ဥချောင်းရွာနှင့် နီးပါးရွာ၊ စတိန်ကျေးရွာအုပ်စု၊
စတိန်ကျေးရွာ တို့တွင်ကျေးရွာ ပြည်သူတို့၏ နေအိမ်များ၊ ကျေးရွာခြင်းဆက်သစ်သား တံတားများ
အပါအဝင် ကျေးလက်ပြည်သူတို့၏ အိုးအိမ် ပစ္စည်းများ ဆုံးရှူံးခဲ့ရသည့် အခြေအနေများအား မြန်ဆုံးပြန်
လည် တည်ဆောက်နိုင်ရေး ဒေသတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ပံ့ပိုးကူညီမှုပေးနိုင်ရန်ဇွန်
၂၅ရက်နေ့က လိုက်လံ ကွင်းဆင်း ကြည့်ရှု စစ်ဆေးသည်။
ဝန်ကြီးသည် ဇွန် ၂၆ ရက် နံနက်ပိုင်းတွင် ဘုတ်ပြင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
သပြေခန်းမ၌ အဆိုပါ ကျေးရွာများမှ တာဝန်ရှိသူများ၊ ရေဘေးသင့် ကျေးရွာ အိမ်ထောင်စုဝင်
မိသားစုများ အား တွေ့ဆုံ နှစ်သိမ့်အားပေး စကားပြောကြားသည်။
ထို့နောက် ဝန်ကြီးနှင့် တာဝန်ရှိသူများက နေအိမ်များပြန်လည် တည်ဆောက်နိုင်ရေး
ရေဘေးသင့် အိမ်ထောင်စုများသို့ ကူညီထောက်ပံ့ငွေနှင့် မြန်မာနိုင်ငံကြက်ခြေနီ အဖွဲ့ချုပ်
မှလှူဒါန်းပေးအပ်သည့် ကယ်ဆယ်ရေး အိမ်သုံး၊ လူသုံး ပစ္စည်းများ အားလည်းကောင်း၊ ကျေးရွာ
တာဝန်ရှိကော်မတီအဖွဲ့များအား ပျက်စီးဆုံးရှူံးခဲ့သည့် ကျေးရွာခြင်းဆက် တံတားများ အမြန်ဆုံးပြန်လည်
ပြင်ဆင်နိုင်ရေး ထောက်ပံ့ငွေများ အသီးသီး ကူညီပေးအပ်ခဲ့ကြကြောင်း သတင်းရရှိ သည်။
No comments:
Post a Comment