နေပြည်တော်-ဧပြီ(၂၆)
နိုင်ငံတော်အစိုးရအဖွဲ့
စီးပွားရေးရာကော်မတီ၏ စွမ်းအင် သယံဇာတနှင့် ဓာတ်သတ္တုဆိုင်ရာဆပ်ကော်မတီ ဥက္ကဋ္ဌ စွမ်းအင်ဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးမြင့်ဇော်သည် ဧပြီ(၂၅)ရက်တွင် ရခိုင်ပြည်နယ် သံတွဲမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံး
အစည်းအဝေးခန်းမ၌ ပြည်နယ် ဆပ်ကော်မတီဝင်များ၊ မြို့မိမြို့ဖ/မြို့နယ် အထောက်အကူပြုလုပ်ငန်းကော်မတီများ၊
လွှတ်တော် ကိုယ်စားလှယ် များနှင့် တွေ့ဆုံပြီး နိုင်ငံတော်မှ ဒေသခံပြည်သူလူထု၏ ဆန္ဒသဘောထား၊
ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အကြံပေးဆွေးနွေးမှုများ ဝိုင်းဝန်းတင်ပြချက်များအပေါ် ချက်ချင်းဆောင်ရွက်ရန်ရှိသည်များ
ဖြေရှင်းဆောင်ရွက် ပေးနိုင်ရန်နှင့် အခြားဝန်ကြီးဌာနများနှင့် အပြန်အလှန်ဆွေးနွေးရန်ရှိပါက
ဆောင်ရွက်ပေးရန် လာရောက်ခြင်း ဖြစ်ကြောင်း၊ ဒေသခံပြည်သူလူထုအနေဖြင့် မိမိတို့ ဆန္ဒ/လိုအပ်ချက်/အကြံပြုချက်များကို
ပွင့်ပွင့်လင်းလင်း တင်ပြခြင်းဖြင့် ဝိုင်းဝန်းဆွေးနွေးကြရန် ပြောကြားကာ မဟာဓာတ်အားလိုင်းစနစ်မှ
လျှပ်စစ်မီး ရရှိရေး၊ ကျေးရွာများသို့ လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်ရေး၊ စက်သုံးဆီဖြန့်ဖြူးပေးရေး၊
ကျေးရွာများ သောက်သုံးရေ ရရှိရေး၊ ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ရေးကိစ္စများကို
ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment