နေပြည်တော်-ဧပြီ(၂၆)
နိုင်ငံတော်အစိုးရ အမျိုးသမီးနှင့်ကလေးသူငယ်ဆိုင်ရာ
ဆပ်ကော်မတီ ဥက္ကဋ္ဌ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်သည် ဧပြီ (၂၄)ရက် နံနက်(၉)
နာရီတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ပြည်နယ်/ခရိုင်၊ မြို့နယ်နှင့်ရပ်ကွက်/ကျေးရွာများမှ
တာဝန်ရှိသူများ၊ မြို့နယ် အထောက်အကူပြုကော်မတီဝင်များနှင့်တွေ့ဆုံ၍ အမျိုးသမီးနှင့်ကလေးသူငယ်များ၏
လူနေမှုဘ၀ ကာကွယ်စောင့်ရှောက်ရေး၊
အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေး၊ ကျန်းမာရေးတို့အတွက်
အောက်ခြေအဆင့်မှ ကြုံတွေ့နေရသော ကြမ်းတမ်းသည့် အခက်အခဲအတားအဆီးစိန်ခေါ်မှုများကို ချက်ချင်း
အဖြေရှာဆောင်ရွက်ပေးရန် အကြံဉာဏ်ပေးအပ်ရန်နှင့် လိုအပ်ချက်များ ဆက်သွယ်တင်ပြပေးရန်
ယခုလို လာရောက်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းနှင့် မိမိတို့အနေဖြင့် ကလေးသူငယ်များ၏
အဓိက အခွင့်အရေး (၄)ရပ်ဖြစ်သော ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ အကာအကွယ်ရခွင့်၊
ပါဝင်ဆောင်ရွက်ခွင့်များ ရရှိအောင် ဆောင်ရွက်နေပြီး နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သည့်
နိုင်ငံအတွင်း မိခင်နှင့်ကလေးများဘ၀ ကျန်းမာချမ်းသာပြီး အခွင့်အရေး အပြည့်အဝရရှိရေး၊
ဗလ(၅)တန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက် ပေးရန်ရှိသည်များကို ပြည်သူလူထုအနေဖြင့် ပွင့်ပွင့်လင်းလင်း မေးမြန်းတင်ပြကြစေလိုကြောင်း
ပြောကြားသည်။
ဆက်လက်၍ ဆပ်ကော်မတီဒုတိယဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဘရွှေ၊
မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ခင်မာထွန်း၊
မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်သက်သက်ဆွေတို့က ဆပ်ကော်မတီ၏
လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားကြသည်။
တွေ့ဆုံပွဲအပြီးတွင် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်
ဒုတိယဥက္ကဋ္ဌ ဒေါ်အယ်လ်ခွန်းရီ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးနှင့်
မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း ဒုတိယဥက္ကဋ္ဌတို့က အားကစားပစ္စည်းများ၊
အမျိုးသမီးရေးရာဝတ်စုံ၊ ပြက္ခဒိန်၊ စာအုပ်၊ ထီး၊ လုံချည်နှင့် အသုံးအဆောင်များ၊ သားဖွားဆရာမဝတ်စုံ၊
အနှီးလိပ်နှင့် ပညာပေးစီဒီချပ်များကို မြို့နယ်အသီးသီးအတွက် ပေးအပ်လှူဒါန်းကြသည်။
ဒုတိယဝန်ကြီး ဦးသောင်းထိုက်သည် ဧပြီ(၂၅)ရက်
နံနက်(၉)နာရီတွင် ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့်
ရပ်ကွက်ကျေးရွာများမှတာဝန်ရှိသူများ၊ မြို့နယ်အထောက်အကူပြု အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍
အမျိုးသမီးနှင့် ကလေးသူငယ်များ၏ လူနေမှုဘ၀ကာကွယ်စောင့်ရှောက်ရေး၊ အနာဂတ်ဖွဲ့ဖြိုးတိုးတက်ရေးနှင့်
ပညာရေး၊ ကျန်းမာရေးတို့အတွက် အောက်ခြေအဆင့်မှကြုံတွေ့နေရသော အခက်အခဲအတားအဆီးစိန်ခေါ်မှုများကို
ပြည်နယ်အစိုးရ၊ ဆက်စပ်လျက်ရှိသော ဌာနဆိုင်ရာအကြီးအကဲများနှင့် ပူးပေါင်း၍ ချက်ချင်းလက်ငင်းအဖြေရှာပေးရန်၊
အကြံဉာဏ်ပေးအပ်ရန်နှင့် လိုအပ်ချက်များကို ဆက်သွယ် တင်ပြပေးရန် လာရောက်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း
ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာဘရွှေ၊ ဒုတိယဝန်ကြီးဒေါက်တာဒေါ်သိန်းသိန်းဌေးနှင့်
တာဝန်ရှိသူများက ဆပ်ကော်မတီလုပ်ငန်းများကို ဆွေးနွေးပြောကြားကြသည်။
ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းက
ပြည်နယ်အတွင်း အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ပေးနိုင်မှု၊ အလုပ်အကိုင်အခွင့်အလမ်းများ
ဖန်တီးပေးထားနိုင်မှု၊ ပြည်ပနိုင်ငံများရှိ စီးပွားရေး မိတ်ဖက်များနှင့်ချိတ်ဆက်၍ ပြည်နယ်အတွင်းရှိ
ဒေသခံပြည်သူများ မိသားစုဝင်ရရှိရေး ဆောင်ရွက်ပေးထားရှိမှု များ၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများ
ဆောင်ရွက်ထားရှိမှုနှင့် လိုအပ်ချက်များကို ရှင်းလင်းပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် တာဝန်ရှိသူများက
အမျိုးသမီးရေးရာဝတ်စုံ၊ ပြက္ခဒိန်၊ စာအုပ်၊ ထီး၊ လုံချည်များ၊ သားဖွားဆရာမဝတ်စုံ၊ အနှီးလိပ်နှင့်
ပညာပေးစီဒီချပ်များ၊ အားကစားပစ္စည်းများကို မြို့နယ်အသီးသီးအတွက် ပေးအပ်လှူဒါန်းခဲ့ကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment