မန္တလေး ဧပြီ ၂၆
မန္တလေးတိုင်းဒေသကြီးတွင် အပူချိန်လွန်ကဲမှုကြောင့်ဖြစ်ပေါ်လာသော
အပူလျှပ်လူနာ အရေအတွက်မှာ ဧပြီ ၂၀ ရက်မှ ၂၅ ရက်အထိ ၄၉ ဦးရှိ နေပြီဖြစ်ကြောင်း တိုင်းဒေသကြီး
ကျန်းမာရေးဦးစီးဌာနနှင့် မန္တလေးအထွေ ထွေရောဂါကုဆေးရုံကြီး၏ စာရင်းများအရ သိရသည်။
ယင်းလူနာများအနက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ
သေဆုံး သွား၍ ၃၉ ဦးမှာ ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်းနှင့်အများစုမှာ ဆင်းရဲ နွမ်းပါးသူများ၊
နေပူဒဏ်ခံ၍ အလုပ်လုပ်ကိုင်သူများဖြစ်ကြောင်း ဆေးလူမှု ဆက်ဆံရေးအရာရှိ ဦးမင်းလွင်က ပြောသည်။
“ဆေးရုံကြီးကိုရောက်လာတဲ့ စာရင်းများအရ ဧပြီ ၂၂ ရက်မှာ ရှစ်ဦး၊ ၂၃ ရက်မှာ ၁၀ ဦး၊ ၂၄
ရက်မှာ ၁၁ ဦးနဲ့ ၂၅ ရက်မှာ ၁၂ ဦး စုစုပေါင်း ၄၁ ဦး ဖြစ်ပြီးတော့ အမျိုးသား ၃၂ ဦးနဲ့
အမျိုးသမီး ကိုးဦးပါဝင်ပါတယ်။ အစောဆုံး ရောက်ရှိလာတဲ့ ရှစ်ဦးထဲမှာ နှစ်ဦးကတော့ ဆေးရုံကိုရောက်ရောက်ချင်း
ဆုံးသွားပါတယ်။ ကျန်လူနာများ ကတော့ အချိန်မီဆေးကုသမှုခံယူပြီး သက်သာနေကြပါပြီ” ဟု ၎င်းက
ပြော သည်။ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနအနေဖြင့် ရာသီအလိုက်ဖြစ်ပွား တတ်သည့် ရောဂါများကို
ဗဟို၏လမ်းညွှန်မှုဖြင့် ကြိုတင်ကာကွယ်ရေးစီမံ ချက်များရေးဆွဲကာ မြို့နယ်အလိုက် ညွှန်ကြားချက်များထုတ်ပြန်၍
ကြိုတင် ပြင်ဆင်ဆောင်ရွက် ထားကြောင်း တိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ G-ဆိုင်းတောင်က
ပြောသည်။
“ကျွန်မတို့ဌာနကိုတော့ ခုတင် ၃၀၀ ဆေးရုံကပေးပို့တဲ့ အပူလျှပ်လူနာ
စာရင်းအရ ရှစ်ဦးရောက်ရှိနေပါတယ်။ ဒီရာသီမှာ အဖြစ်များတဲ့ရောဂါ အတွက် ကြိုတင်စီမံချက်များရေးဆွဲပြီး
လိုအပ်တဲ့လူအင်အား ဆေးဝါး ပစ္စည်း၊ ရေခဲနဲ့ ရေသန့်တွေရရှိဖို့ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ပါတယ်။
ဖြစ်ပွား နေတဲ့အချိန်မှာလည်း ရရှိတဲ့တင်ပြချက်တွေကို ကြည့်ရှုစစ်ဆေးပြီး အချိန်နဲ့ တစ်ပြေးညီ
တုံ့ပြန်ဆောင်ရွက်ပေးနေပါတယ်”ဟု ၎င်းကဆိုသည်။
မန္တလေး ဧပြီ ၂၆
ယခုအချိန်တွင် အပူလျှပ်
ဝေဒနာရှင်များအတွက် လိုအပ်သည့်ဆေးဝါး များ၊ ကုသဆောင်များနှင့် လူအင်အားများ ကြိုတင်ပြင်ဆင်
ထားရှိပြီးဖြစ် သလို စေတနာရှင်ပြည်သူများကလည်း လူနာတင်ယာဉ်များ၊ ရေခဲနှင့်ရေသန့် ဘူးများကို
ပံ့ပိုးကူညီ လှူဒါန်းမှုများ ရှိနေပြီဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment